Cortana ဟာ Windows မှ နှုတ်ဆက်ရတော့မည်

Cortana ကို Windows တွေကနေ ဒီနှစ်အကုန်လောက်မှာ ဖယ်ရှားတော့မှာဖြစ်ကြောင်း Microsoft က ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၂ရက်နေ့ ၂၀၁၄ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ Microsoft ရဲ့ Virtual Assistant Cortana ကို ဒီနှစ်အကုန်မှာ နှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။ ဒီသတင်း မကြေငြာမီကတည်းက Cortana ကို Microsoft က ဖြည်းဖြည်းချင်း Windows မှ ဖယ်ရှားဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ Windows 11 ကို မိတ်ဆက်ကတည်းက Cortana ဟာ သူ့ရဲ့ အဓိကနေရာဖြစ်တဲ့ Taskbar ကနေ ဖယ်ရှားခံလိုက်ရပြီး နောက်ပိုင်းမှာ First Boot မှာပါ ဖယ်ရှားခြင်း ခံလိုက်ရတာ တွေ့ရပါတယ်။ ဒါတင်မကပဲ ၂၀၂၀ ခုနှစ်မှာ iPhone တွေ၊ Android ဖုန်းတွေထဲရှိ Cortana ကိုလည်း Microsoft က ဖယ်ရှားခဲ့ပါတယ်။

Microsoft ဟာ ပြီးခဲ့တဲ့ လတုန်းက AI နည်းပညာနဲ့ ဖန်တီးထားတဲ့ Windows Copilot ကို မိတ်ဆက်ပေးခဲ့တာကြောင့် အခုလို Cortana ကို Windows မှ ဖယ်ရှားဖို့ ကြိုးစားတယ်ဆိုတာ မထူးစမ်းပါဘူး။ Windows Copilot ဟာ Cortana ထပ် အများကြီး အားကောင်းသလို လုပ်ချင်တာအားလုံးကို လုပ်ပေးနိုင်တဲ့ အပြင် Microsoft 365 Copilot ကိုလည်း Microsoft က ဖန်တီးထားတာကြောင့် နောက်ပိုင်းမှာ Windows OS တစ်ခုလုံးဟာ Microsoft ရဲ့ AI တွေနဲ့ အလုပ်လုပ်တဲ့ OS ကြီးတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Microsoft ဟာ Cortana ကို Windows မှ ဖယ်ရှားမယ်လို့ ပြောခဲ့ပေမယ့် Outlook Mobile ၊ Microsoft Teams Mobile ၊ Teams Display နဲ့ Teams Rooms တို့မှာတော့ ဆက်လက်ရှိနေအုံးမှာဖြစ်ပြီး ဘယ်အချိန်အထိ ရှိနေနိုင်မလဲဆိုတာတော့ မသိဘူးလို့လည်း ပြောထားပါတယ်။

Exit mobile version