Windows 11 ရဲ့ Starts Menu မှာ ကြော်ငြာထည့်ဖို့ ကြိုးစားနေတဲ့ Microsoft

US အတွင်း Windows Insiders ရဲ့ Beta Version အသုံးပြုသူများရဲ့ ပြောပြမှုအရ Windows 11 ရဲ့ Starts Menu မှာ ကြော်ငြာများ ထည့်သွင်းဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

Windows 11 ရဲ့ Starts Menu ရှိ Recommended Section လို့ခေါ်တဲ့ ဘယ် Applications တွေကို အသုံးပြုသင့်ကြောင်း ဖော်ပြပေးတဲ့ နေရာမှာ ကြော်ငြာများ ထည့်သွင်းရန် Microsoft က ကြိုးစားနေတာ ဖြစ်ပါတယ်။ Microsoft ရဲ့ ပြောပြမှုအရ ဒါဟာ Beta အဆင့်ဖြစ်တာကြောင့် Windows 11 မှာ ပါဝင်လာမယ်လို့ မဆိုလိုပဲ စမ်းသုံးသူများရဲ့ အကြံပြုချက်ကို ရယူဖို့အတွက်သာ ဖြစ်ကြောင်း သိရပါတယ်။ Microsoft ဟာ Windows မှာ ကြော်ငြာထည့်သွင်းဖို့ ကြိုးစားနေတာ ၁၀ နှစ်ကျော်လောက် ရှိနေပြီ ဖြစ်တာကြောင့် Windows အသုံးပြုသူများအတွက် ထူးစမ်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

Microsoft ဟာ မနှစ်တုန်းကလည်း File Explorer မှာ ကြော်ငြာထည့်သွင်းဖို့ ကြိုးစားခဲ့သော်လည်း အသုံးပြုသူများရဲ့ ကန့်ကွက်မှုကြောင့် ပြန်လည်ပယ်ချခဲ့ ရပါတယ်။ ဒီတစ်ခါမှာတော့ Starts Menu မှာ ကြော်ငြာထပ်မံ ထည့်သွင်းကာ အသုံးပြုသူများရဲ့ အကြံပြုမှုကို တောင်းခံနေတာဖြစ်ပြီး ကန့်ကွက်မှု နည်းခဲ့မယ်ဆိုရင်တော့ Windows 11 ရဲ့ Starts Menu မှာ ကြော်ငြာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

Exit mobile version