Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

Microsoft က AI နည်းပညာကို အသုံးပြုထားတဲ့ ဒီဇိုင်းဆိုင်ရာ Tool တစ်ခုကို မိတ်ဆက်ချပြလိုက်ပြီဖြစ်ပါတယ်။ Microsoft Designer လို့အမည်ပေးထားပြီး လုပ်ဆောင်ချက်တွေက Canva တို့၊ Adobe Express တို့နဲ့ဆင်တူပါတယ်။ အားသာချက်က Prompt လေးရိုက်လိုက်ရုံနဲ့ အလိုအလျောက်ဖန်တီးပေးတာဖြစ်ပြီး လိုအပ်သလို Edit ပြန်လုပ်နိင်တာဘဲ ဖြစ်ပါတယ်။

OpenAI ရဲ့ Dall-E2 ကိုအခြေခံထားတာဖြစ်ပြီးတော့ Prompt Text ရိုက်ပေးလိုက်ရုံနဲ့ Layout အပြင်အဆင်တွေကိုဖန်တီးပေးတာဖြစ်ပြီး Layout Size တွေကိုလည်း ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြင်ဆင်နိုင်ပါတယ်။

Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI 1

AI Tomorrow အနေနဲ့ Microsoft Designer AI ကို စမ်းသပ်အသုံးပြုကြည့်ရမှာတော့ Performance က တော်တော်လေးကောင်းနေတာကို တွေ့ရပါတယ်။ Microsoft Designer AI ကို အသုံးပြုမယ်ဆိုရင် Microsoft Account ရှိဖို့လိုမှာဖြစ်ပြီး အသုံးပြုပုံကတော့ AI Prompt Box လေးကလွဲရင် ကျန်တာကတော့ Canva နဲ့ Adobe Express တို့နဲ့ သဘောတရား တူတူဘဲဖြစ်ပါတယ်။ အားသာချက်အနေနဲ့ AI Powered ဖြစ်တာကြောင့် Template တွေက ကိုယ်နဲ့သင့်တော်မယ့် Layout ကို တစ်ခါထဲ ဖန်တီးပေးနိုင်တာဖြစ်ပြီး Performance ကလည်း တော်တော်လေး မြန်ဆန်တာကိုတွေ့ရပါတယ်။

Exit mobile version