English ဘာသာစကားကို ကောင်းကောင်းလေ့လာနိုင်မယ့် Microsoft Reading Coach AI

Microsoft က English စာလေ့လာချင်တဲ့သူတွေ အထူးသဖြင့် ကလေးများအတွက် Reading Coach ဆိုတဲ့ AI Chatbot တစ်ခုကို ၂၀၂၄ ခုနှစ် ၁ လပိုင်းလောက်မှာ Preview တစ်ခုအနေနဲ့ ကြေညာခဲ့ပါတယ်။ လက်ရှိချိန်ထိတော့ Reading Coach AI feature ကို Free အနေနဲ့ အသုံးပြုလို့ရမှာနေမှာ ဖြစ်ပါတယ်။

Microsoft Reading Coach မှာ မိမိစိတ်ကြိုက် Story များကို AI အသုံးပြုပြီးဖန်တီးလို့ရမှာ ဖြစ်ပါတယ်။ AI က ဖန်တီးပေးထားတဲ့ Story များကို မိမိအသုံးပြုချင်တဲ့ Reading level ကိုရွေးပြီး လေ့ကျင့်လို့ ရမှာဖြစ်ပါတယ်။ Story တစ်ပုဒ်ဖတ်ပြီးတဲ့အခါတိုင်း AI က မိမိရဲ့ Reading level ဘယ်လောက်ရှိလဲ ဘာတွေဆက်ပြီး လေ့လာရမလဲဆိုတဲ့ အကြံပြုချက်တွေ ပေးသွားဖြစ်ပါတယ်။ နောက်ပြီး မိမိဖတ်ထားတဲ့ Story ထဲမှာ ဘယ်စကားလုံးက အသံထွက်မှားနေလဲ ဆိုတာကို AI ကပြောပြပေးမှာ ဖြစ်ပြီး မှားတဲ့ စကားလုံးရဲ့ အသံထွက်တွေကို ပြန်ပြီးလေ့ကျင့်နိုင်မှာ‌ ဖြစ်ပါတယ်။

Video from, DC News Now

Reading Coach မှာ Story များကို AI နဲ့ မဖန်တီးချင်ဘူး ဆိုလဲ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းများ ဒါမှမဟုတ် မိမိစိတ်ကြိုက် စာအုပ်များကို ထည့်သွင်းပြီး ဖတ်ရှူလို့ရမှာ ဖြစ်ပါတယ်။ Microsoft Reading Coach က ကလေးများအတွက် အရမ်းအသုံးဝင်မယ့် AI Feature တစ်ခု ဖြစ်ပါတယ်။

Exit mobile version