၂နှစ်လောက် လူတိုင်း အသုံးပြုခွင့် မရခဲ့တဲ့ Microsoft ရဲ့ PC Manager ကို လူတိုင်း အသုံးပြုနိုင်ပြီ

Microsoft ဟာ PC Manager ကို လွန်ခဲ့တဲ့ (၂) နှစ်လောက်က Microsoft Store ထဲ ထည့်သွင်းခဲ့ပေမယ့် လူတိုင်းအသုံးပြုခွင့် မရပဲ နယ်မြေကန့်သတ်ချက် ထားရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ကစလို့ တစ်ကမ္ဘာလုံးရှိ Desktop အသုံးပြုသူတိုင်း PC Manager ကို အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

PC Manager ရဲ့ လုပ်ဆောင်ချက်ကတော့ သင့် PC ရဲ့ Performance ကို မြှင့်တင်ပေးမှာ ဖြစ်သလို မလိုအပ်တဲ့ အရာတွေကိုလည်း ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ PC Manager ကို လိုသလို ထိန်းချုပ်နိုင်မယ့် Setting တွေလည်း ပါဝင်မှာ ဖြစ်သလို PC အထဲရှိ Files အကြီးတွေကို အလွယ်တကူ ထိန်းချုပ်နိုင်မယ့် Deep Scan လည်း ပါဝင်မှာ ဖြစ်ပါတယ်။

PC Manager နဲ့ အတူ Toolbox တစ်ခုလည်း ပါဝင်လာမှာ ဖြစ်ပြီး အသုံးပြုမှုများတဲ့ Function တွေ ဖြစ်တဲ့ Recorder ၊ Bing Translator ၊ Currency Converter ၊ Calculator နှင့် Screenshots အစရှိတာတွေကို တစ်နေရာထဲ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ PC Manager ဟာ Microsoft Store မှာ Rating 4.5 အထိ ရရှိထားတဲ့ Software တစ်ခု ဖြစ်သလို Microsoft ရဲ့ တရားဝင် Software ဖြစ်တာကြောင့် Windows အသုံးပြုသူအားလုံး အသုံးပြုသင့်တဲ့ Software တစ်ခု ဖြစ်ပါတယ်။

Exit mobile version