Microsoft က သူတို့ရဲ့ AI Gaming Assistant အသစ်ဖြစ်တဲ့ Copilot for Gaming ကို Mobile မှာ Beta Version အနေဖြင့် စတင် မိတ်ဆက်လိုက်ပြီး ဖြစ်ပါတယ်။ Player တွေအတွက် Game ကစားတဲ့အခါ မြန်ဆန်ပြီး ကျွမ်းကျင်လာစေဖို့ ရည်ရွယ်ပြီး ဖန်တီးထားတဲ့ Copilot for Gaming app က အသံဖြစ်စေ၊ စာသားဖြင့်ဖြစ်စေ မေးမြန်းနိုင်ပြီး၊ Game ထဲမှာ ရှာဖွေရခက်ခဲတဲ့ အရာများကို ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ AI Gaming Assistant က အထူးသဖြင့် MMORGP ဂိမ်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ Raid Attack တွေအတွက် Strategy ကောင်းကောင်းပေးနိုင်မှာ ဖြစ်ပြီး Xbox Account/Subscription၊ Game Recommendation စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ Microsoft ကလည်း မကြာမီမှာ Windows PC အတွက် Game Bar မှာ Copilot for Gaming ကိုထပ်မံမိတ်ဆက်ဖို့စီစဉ်နေပြီး၊ အနာဂတ်မှာတော့ Xbox app တစ်ခုလုံးအတွက် စွမ်းဆောင်နိုင်အောင် ကျယ်ပြန့်စွာဖြန့်ချီသွားမယ်လို့ ကြေညာထားပါတယ်။
Xbox ရဲ့ AI Gaming Assistant က Gaming Era အတွက် စိတ်ဝင်စားဖွယ် နည်းပညာသစ် တစ်ခုဖြစ်ပေမယ့် Strategy ဂိမ်းတွေ အတွက်တော့ AI အကူညီမလိုပဲ Player ကိုယ်တိုင် Strategy ချကာ ကစားနိုင်တာက ပိုကောင်းတယ်လို့ ထင်မြင်မိပါတယ်။
Discussion about this post