Microsoft က Android များအတွက် Copilot AI App ကို ကြေညာထားခြင်းမရှိဘဲ ထုတ်လုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ Copilot အက်ပ်အသစ်ကို ယခုလအစောပိုင်းမှာ ဖြန့်ချီခဲ့တာလို့ User များက X ပေါ်မှာ ရေးသားဖော်ပြချက်များအရ သိရှိတာဖြစ်တယ်လို့ Neowin သတင်းငှာနက စတင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Microsoft ရဲ့ AI-powered Copilot App ကို Google Play Store မှာ ဒေါင်းလုဒ်ပြီး Microsoft အကောင့်ရှိစရာမလိုဘဲ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Copilot AI ကို Android Version သာတွေ့ရပြီး iOS Version ကိုတော့ ခုချိန်ထိမတွေ့ရသေးပါဘူး။

Copilot AI Android App မှာ OpenAI ရဲ့ နောက်ဆုံးထွက်မော်ဒယ် GPT-4 နဲ့ DALL-E 3 Power ကို အသုံးပြုထားတာဖြစ်လို့ ရိုးရှင်းသော စာသားဖော်ပြချက်များနဲ့ ရုပ်ပုံများကိုပါ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Copilot AI App မှာ ထူးခြားတာ တစ်ခုက OpenAI ရဲ့ GPT-4 model ကိုအခမယ့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Microsoft က Bing Chat ကို Copilot လို့နာမည်ပြောင်းပြီးနောက် တစ်လကျော်ကျော်မှာ Copilot AI App ထွက်ပေါ်လာတာဖြစ်ပါတယ်။