Chrome နဲ့ Safari မှာအသုံးပြုလို့ ရနေပြီ ဖြစ်တဲ့ Microsoft ရဲ့ Bing Chat

Windows ရဲ့နောက်ဆုံးထွက်သတင်း အရ Microsoft ရဲ့ Bing Chat Ai က Edge Browser အတွက် သီးသန့် မဟုတ်တော့ာဘဲ Chrome နဲ့ Safari တို့မှာပါ အသုံးပြုလို့ ရနေပြီး ဖြစ်ကြောင်းသိရှိ ရပါတယ်။ Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ” ကျွန်တော်တို့ ရဲ့ Bing Chat ကို အခြားဘရောက်ဆာများမှာပါ အသုံးပြုနိုင်အောင် စမ်းသပ်မှု ပြုလုပ်နေတာဖြစ်ပြီး User များကို ရွေးချယ်မှု အနေ‌ဖြင့် Edge Browser အပြင် Chrome နဲ့ Safari တို့မှာပါ အသုံးပြုလို့ ရအောင် ကြိုးပမ်းနေတာ ဖြစ်တယ်”လို့ ပြောကြားထားပါတယ်။

Chrome နဲ့ Safari မှာအသုံးပြုလို့ ရနေပြီ ဖြစ်တဲ့ Microsoft ရဲ့ Bing Chat

Chrome နဲ့ Safari မှာ Bing Chat ကို အသုံးပြုရန် အတွက် Microsoft အကောင့်နဲ့ Login ဝင်ရမှာဖြစ်ပါတယ်။ Bing Chat Ai ကို Edge Browser မှာ စာလုံးရေ 4000 ထိအသုံးပြုနိုင်မှာဖြစ်ပြီး Chrome နဲ့ Safari မှာတော့ စာလုံးရေ 2000 သာအသုံးပြုလို့ရမှာဖြစ်ပါတယ်။ Bing Chat ကို OpenAI ရဲ့ ChatGPT-4 မှ ပံ့ပိုးပေးထားတာဖြစ်ပြီး User များ ChatGPT 4 လို စရင်းပေးသွင်းစရာမလိုဘဲ နောက်ဆုံးထွက် အချက်အလက်များနဲ့ သတင်းအရင်းမြစ်များကို ဝင်ရောက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ လက်တလော အချက်အလက်များ အရ Bing Chat ထက် ChatGPT ကပိုမိုအသေးစိတ်တဲ့ အချက်လက်များကို ပေးနိုင်တာ ဖြစ်တယ်လို့သိရှိရပါတယ်။ ဒါပေမယ့် မကြာသေးမှီက ChatGPT-4 ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ကျဆင်းနေတယ်လို့ ဝေဖန်မှူများ မြင့်တက်ခဲ့ပါတယ်။ OpenA ကတော့ ChatGPT-4 ရဲ့ Error များကို ပြန်လည်စစ်ဆေးပြီး ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ အဆိုပါ ဝေဖန်မှူများကို ဖြေရှင်းချက်ပေးခဲ့ပါတယ်။

Exit mobile version