Bing Chatbot ရဲ့ နောက်ထပ် Update မှာ ပြောင်းလဲမှုတွေများစွာရှိကြောင်း Microsoft က ထုတ်ပြန်

နောက်ထပ် ထွက်လာမယ့် Bing Chatbot ရဲ့ Update မှာ ပြောင်းလဲမှုများစွာ ရှိနေကြောင်းကို Microsoft က ထုတ်ပြန်ခဲ့ပါတယ်။ အဲတာတွေကတော့ Booking စနစ်၊ ဓာတ်ပုံတွေ၊ Video တွေနဲ့ ဖြေကြားပေးနိုင်တဲ့ စနစ်နဲ့ နောက်ထပ် Smart ဖြစ်စေမယ့် Features တွေပဲ ဖြစ်ပါတယ်။

Microsoft ရဲ့ ထုတ်ပြန်ချက်အရ Bing Chatbot အတွက် အသစ်ထွက်မယ့် Update မှာပါဝင်လာမယ့် Features တွေဟာ Bing မှာပဲ မဟုတ်ပဲ Edge Browser မှာပါ ထည့်သွင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Bing Chatbot ရဲ့ Update မှာ စာသောက်ဆိုင်အတွက် Booking တင်ခိုင်းလို့ရမယ့်အပြင် ဓာတ်ပုံတွေ၊ Video တွေကိုလည်း တိုက်ရိုက်ဖွင့်ပြ ခိုင်းလို့ရပြီလို့ သိရပါတယ်။

ဥပမာ သင်က Paris မျှော်စင်ရဲ့ ပုံကိုကြည့်ချင်တယ်ဆိုရင် Bing Chatbot ထဲမှာပဲ Paris မျှော်စင်ပုံကို ပြပေးမှာဖြစ်သလို ရုပ်ရှင်တစ်ခုခုကို ဖွင့်ပြခိုင်းရင်လည်း Online ပေါ်က Video Player တစ်ခုခုနဲ့ အလိုအလျှောက်ချိတ်ဆက်ပေးကာ သင်ဖွင့်ပြခိုင်းတဲ့ ရုပ်ရှင်ကို ပြသပေးမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ Chat Interface ထဲမှာ Side Bar ကို ထည့်သွင်းပေးလိုက်ပြီလို့လည်း Microsoft က ပြောပြထားပါတယ်။

Side Bar ကို ထည့်သွင်းပေးတာက Developer တွေအတွက်အရမ်းကို အဆင်ပြေစေပါတယ်။ Coding တွေကို စစ်ဆေးချင်တဲ့အခါ Websit တစ်ခုနဲ့ တစ်ခုကို ပြောင်းပြီးတော့ စစ်နေစရာမလိုတော့ပဲ Side Bar ကနေ စမ်းသပ်ချင်တဲ့ Website ကို ဖွင့်ထားလို့ရမှာဖြစ်လို့ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ Microsoft ဟာ သူ့ရဲ့ Bing Image Creator ကို ဘာသာစကားပေါင်း ၁၀၀ ကျော်အထိ အသုံးပြုနိုင်အောင်လည်း ပြုလုပ်ပေးထားတယ်လို့ ဖော်ပြထားတာကြောင့် Bing နဲ့ Edge Browser Update ဟာ အရမ်းသုံးလို့ကောင်းတဲ့ Search Engine တွေ ဖြစ်လာမှာ သေချာပါတယ်။

Microsoft ဟာ ယခု Update မှာ ပါဝင်လာမယ့် Features တွေကို Bing နဲ့ Edge တွေအပြင် အခြားသော Search Engine တွေမှာပါ အသုံးပြုနိုင်စေဖို့ Plug-In အနေနဲ့ပါ ထုတ်ပေးမလို့ စီစဥ်ထားကြောင်းလည်း သိရပါတယ်။ ဒါပေမယ့် Plug-In ကို ဘယ်တော့မှ ထုတ်ပေးမလဲဆိုတာ အတိအကျပြောပြထားတာ မရှိသေးပါဘူး။ အခုပြောပြခဲ့တဲ့ Update ကို Google ရဲ့ I/O ပွဲ မတိုင်မှီမှာ ထုတ်ပေးမယ်လို့လဲ Microsoft က ပြောထားလို့ Features အသစ်တွေနဲ့ Bing AI Chatbot ကို မကြာမှီ အသုံးပြုရတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Exit mobile version