Apple ရဲ့ Mac တွေမှာ Windows 11 ကို တရားဝင်သုံးလို့ရပြီ

ယခုအချိန်မှာ ​Microsoft က ARM ကို အခြေခံထားတဲ့ Mac တွေအားလုံးမှာ Windows 11 ကို အသုံးပြုခွင့် ပေးလိုက်တာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ မမျှော်လင့် ထားတဲ့ အရာတစ်ခုပါပဲ။

Parallels Desktop 18 မှ တစ်ဆင့် ARM versions တွေဖြစ်တဲ့ Windows 11 Pro (သို့) Enterprise တို့ကို Apple ရဲ့ M1 နှင့် M2 chips တွေပါတဲ့ Mac တွေမှာ သုံးလို့ရပြီးဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ Apple ကို ကိုင်ထားပေမယ့် Windows နဲ့ ပတ်သက်တဲ့ အလုပ်ကိုလုပ်ရတော့မယ်ဆိုရင် ခေါင်းစားစရာ မလိုတော့ဘူးပေါ့နော်။

Microsoft ပြောထားတာတော့ 32-bit ကိုတော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ 32-bit မှာ များစွာသော software ပိုင်းဆိုင်ရာ ပြဿနာတွေရှိနေလို့ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ သင့်ရဲ့ စက်ဟာ Windows 11 ARM drivers တွေကို လက်မခံတဲ့ စက်ဖြစ်နေမယ်ဆိုရင် အသုံးပြုလို့ရပေမယ့် တစ်ချို့သော အရာတွေကိုတော့ အသုံးပြုလို့ မရပါဘူး။ ဥပမာ – Android app၊ Linux စနစ်နှင့် Windows Sandbox တို့အပြင် DirectX 12 (သို့) OpenGL 3.3 ကိုပါ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။

Mac with Windows 11 (from google)

တစ်ခု သိထားရမှာက Parallels ဟာ လိုင်စင်တင်ထားတဲ့ Windows ကိုသာ အသုံးပြုခွင့်ပေးမှာ ဖြစ်တာကြောင့် သင်သုံးမယ့် Windows ဟာ တရားဝင် လိုင်စင်ရှိတဲ့ Windows ဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အရင်ထဲက Mac တွေမှာ Windows ကို နည်းမျိုးစုံနဲ့ အသုံးပြုနေကြပေမယ့် တရားဝင်မဟုတ်တော့ လုံခြုံမှုမရှိပါဘူး။ ယခုမှာတော့ တရားဝင်သုံးလို့ရပြီးဆိုတော့ Mac ကနေ Windows ကို ခဏပြောင်းသုံးချင်သူများတွက် အဆင်ပြေသွားပါပြီး။

Exit mobile version