Microsoft က  Security Copilot ဆိုတဲ့ New Generative AI တစ်ခုကိုကြေညာ

Security Copilot

ဒီနေ့မှာတော့ Microsoft က ChatGPT-4 ပါဝင်တဲ့ Security Copilot Tool တစ်ခုကို ကြေညာခဲ့ပါတယ်။ Generative AI တွေကို အသုံးပြုတဲ့ အခါ မိမိရှာဖွေထားတဲ့ အကြောင်းအရာများကို Cybersecurity အရ Security Copilot က ကာကွယ်ပေးမှာဖြစ်ပါတယ်။ Microsoft ရဲ့ Security Research Director က ‘Your Data Is Your Data’ လို့ Security Copilot tool ကိုကြေညာတဲ့ အခါမှာ ပြောကြားခဲ့ပါတယ်။

Introducing Microsoft Security Copilot

Security Copilot နည်းပညာ ကို Azure Hyperscale ပေါ်တွင် အခြေခံထားတယ်လို့ သိရှိရပါတယ်။ ၂၀၂၃ မှာ AI နည်းပညာ တွေ တိုးတက်တာနဲ့ အမျှ မိမိရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ လုံခြုံမှုရှိစေမို့ အတွက်လဲ အရေးပါလာပါတယ်။ Microsoft ရဲ့ ဒီနေ့ကြေညာလိုက်တဲ့ Security Copilot ဟာဆိုရင် Cybersecurity အတွက် အရေးပါတဲ့ နေရာမှာ ရှိနေမယ်လို့ ယုံကြည်ပါတယ်။

Exit mobile version