Microsoft ရဲ့ Paint ကို AI နဲ့ အဆင့်မြှင့်တင်ကာ Windows 11 မှာ အသုံးပြုရန် ကြိုးစားနေ

Microsoft ဟာ Windows အတွက် နောက်ထပ် AI Tools တစ်ခုကို ဖန်တီးနေကြောင်း သိရပါတယ်။

Windows Central ရဲ့ ပြောပြထားမှုအရ Microsoft ဟာ Windows အတွက် AI နဲ့ ဖန်တီးထားတဲ့ Tools တစ်ခုကို ဖန်တီးနေတာဖြစ်ပြီး ၎င်း Tools ဟာ ဓာတ်ပုံတွေ၊ Canvas တွေကို စာရိုက်ပြီး ပြုပြင်ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်းနဲ့ Bing ရဲ့ Image Creator လိုမျိုး အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဒီ Tools ကို Windows ရဲ့ Sidebar မှာ Magic Paint ဆိုပြီး မြင်ရမှာဖြစ်ကာ ၎င်းကို နှိပ်လိုက်ရင်တော့ ဓာတ်ပုံတွေကို ဘယ်လို ဖန်တီးနိုင်လဲဆိုတဲ့ အကြောင်းအရာတွေကို မြင်ရမှာဖြစ်ပါတယ်။ အဲတာပြီးရင်တော့ Canvas တစ်ခုကိုမြင်ရမှာ ဖြစ်ပြီး ပြုပြင်ချင်တဲ့ပုံကို စိတ်ကြိုက်ပြုပြင် ဖန်တီးနိုင်ပြီဖြစ်ကြောင်း အကြမ်းမျဥ်းအားဖြင့် သိရပါတယ်။

နောက်တစ်ခုကတော့ Microsoft Paint ကို AI Tools တွေ ပေါင်းထည့်ဖို့ ကြိုးစားနေကြောင်းလည်း Windows Central ရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။ Paint ကို AI နဲ့ ဖန်တီးထားတဲ့ Photo ၊ Camera app နဲ့ Snipping Tool ဆိုတဲ့ Tools တွေကို ထည့်သွင်းပေးဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ Photo အတွက်ဆို ဓာတ်ပုံထဲရှိ လူတွေ၊ အရာဝတ္ထုတွေကို AI က သိရှိနိုင်ပြီး အရာဝတ္ထု တစ်ခုချင်းစီကို ထောက်ကာ ပြုပြင်ခြင်းတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။

Camera app နဲ့ Snipping Tool တို့မှာတော့ Optical Character Recognition (OCR) လို့ခေါ်တဲ့ ဓာတ်ပုံထဲရှိ Character တစ်ခုချင်းစီကို သိနိုင်မယ့် နည်းပညာကို ထည့်သွင်းပေးထားမှာ ဖြစ်လို့ ဓာတ်ပုံ သို့မဟုတ် Screenshorts မှာ ပါဝင်တဲ့ စာသားတွေကို အလွယ်တကူ ကူးယူနိုင်ခြင်း ပြုပြင်နိုင်ခြင်းတွေကို လုပ်ပေးနိုင်မယ်လို့ Windows Central ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အခု ပြောပြခဲ့တဲ့ Features တွေကို Microsoft က ဘယ်အချိန်မှာ ထုတ်ပေးမလဲဆိုတာ အတိအကျမသိရသေးပေမယ့် နောက်နှစ်ထဲမှာ Microsoft ဆီမှ မြင်ရနိုင်တဲ့ AI Tools အသစ်တွေကို ခန့်မှန်းနိုင်ဖို့ တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Exit mobile version