Microsoft 365 အတွက် Copilot AI ကို မိတ်ဆက်

Microsoft 365 မှာ မကြာမှီ ထည့်သွင်းတော့မယ့် Copilot AI ကို Microsoft က မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Copilot AI ဟာ ChatGPT-4 ကို အခြေခံထားတယ်လို့ သိရပါတယ်။

Microsoft ဟာ ChatGPT-4 ကို Microsoft 365 မှာ အသုံးပြုနိုင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပြီး Copilot ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာ Copilot AI ကို စမ်းသပ်ဖို့အတွက် အသုံးပြုသူအနည်းငယ်ကို အသုံးပြုခွင့်ပေးထားတယ်လို့ သိရပါတယ်။ Microfost ရဲ့ Copilot ဟာ Word ၊ Excel ၊ Power Point ၊ Outlook နှင့် Teams အစရှိတဲ့ Microsoft 365 ရဲ့ software တွေအားလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Microsoft 365 အတွက် Copilot AI ကို မိတ်ဆက်
Microsoft Copilot AI (from google)

အသုံးပြုသူများဟာ Copilot AI နဲ့ documents တွေ ၊ presentations တွေ၊ Email တွေ ၊ Notes တွေ အစရှိတဲ့ ရုံးပိုင်းဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူ ဖန်တီးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ CEO Satya Nadella က အခုအချိန်မှာတော့ Copilot မှာ မှားယွင်းမှု အနည်းငယ်ရှိနေသေးလို့ အသုံးပြုသူအနည်းငယ်ကိုပဲ စမ်းသပ်အသုံးပြုခွင့်ပေးထားတာဖြစ်ပြီး အဆင်သင့်ဖြစ်ရင်တော့ အားလုံး အသုံးပြုလို့ရမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

Microsoft ရဲ့ Copilot AI ဟာ မကြာသေးမှီကပဲ ထွက်ရှိထားတဲ့ ChatGPT-4 ကို အသုံးပြုထားတာဆိုတော့ အသုံးပြုသူများအတွက် များစွာအထောက်အကူဖြစ်မယ်ဆိုတာ သေချာပါတယ်။ Microsoft 365 ဟာ Copilot AI နဲ့ ဘာတွေပြောင်းလဲလာမလဲဆိုတာ မကြာမှီ သိရတော့မှာ ဖြစ်ပါတယ်။

Exit mobile version