Microsoft က Activision Blizzard နဲ့ Xbox တို့မှ ဝန်ထမ်း 1900 ကို အလုပ်မှ ထုတ်ပယ်

Microsoft က ဒီအပတ်ထဲမှာ Activision Blizzard နဲ့ Xbox တို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းပေါင်း ၁၉၀၀ ခန့်ကို ရာထူးမှ ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါ ထုတ်ပယ်လိုက်တဲ့ ဝန်ထမ်း အရည်အတွက်က Microsoft Gaming ဌာနခွဲရဲ့ 8 ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ဝန်ထမ်းပေါင်း ၁၉၀၀ ထုတ်ပယ်မှုကြောင့် Activision Blizzard ရဲ့ ဥက္ကဌ Mike Ybarra က Company မှ အလုပ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း X မှာတင်ခဲ့တာတွေ့ရပါတယ်။ Mike က Microsoft ရဲ့ ဝန်ထမ်းဟောင်းဖြစ်ပြီး Company မှာအလုပ်လုပ်ခဲ့တာ အနှစ် ၂၀ ကျော်ပြီ ဖြစ်ပါတယ်။

ထုတ်လုပ်မှု ဖြတ်သိမ်းလိုက်ပြီ ဖြစ်သော Activision Blizzard ရဲ့ Survival Game

Microsoft က နောက်အပတ်ထဲမှာ Activision Blizzard ရဲ့ ဥက္ကဌ အသစ်ကို ကြေညာမယ်လို့လဲသိရှိရပါတယ်။ နောက်ပြီး Blizzard ရဲ့ ဒီဇိုင်းအရာရှိချုပ် Allen Adham လည်း ရာထူးမှ နှုတ်ထွက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခေါင်းဆောင်ပိုင်း တစ်ချို့နဲ့ ဝန်တမ်းများ ထုတ်ပယ်မှုကြောင့် အရင်က ထုတ်လုပ်မယ်လို့ကြေညာထားတဲ့ Blizzard ရဲ့ အမည်မပေးရသေးသော Survival Game တစ်ခုကိုလဲ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ Microsoft က UK နဲ့ US လပေါင်း ၂၀ ကြာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနဲ့ ရင်ဆိုင်မှု အပြီးမှာ Activision Blizzard ကို ဒေါ်လာ 68.7 ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ Microsoft က သူတို့ဝယ်ယူထားတဲ့ Activision Blizzard နဲ့ပတ်သက်ပြီး ဘယ်လိုကြီးမားတဲ့ ပြောင်းလဲမှုမျိုး ပြုလုပ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Exit mobile version