Meta ရဲ့ Quest VR Headset အတွက် Update အသစ်ဟာ အနာဂတ်ကွန်ပြူတာ ဖြစ်လာတော့မလား?

လွန်ခဲ့တဲ့ ရက်အနည်းငယ်က Meta ရဲ့ Quest VR headsets တွေအတွက် Software update ထွက်ခဲ့ပါတယ်။ Quest v50 Software Update ဟာ ကျွန်တော်တို့ရဲ့ အနာဂတ် ကွန်ပျူတာဖြစ်လာမလားလို့တောင် ထင်မှတ်စရာ ဖြစ်ပါတယ်။

Quest VR ဟာ နောက်ဆုံး Update မတိုင်မှီက အခြား VR headsets တွေလိုမျိုးပဲ Pointer စနစ်နဲ့ အလုပ်လုပ်နေတာဖြစ်ပြီး ယခု Update မှာတော့ Screen ကို အမှန်တကယ် လက်နဲ့ထိတွေ့နေရတဲ့ ခံစားချက်ကို ရရှိမှာ ဖြစ်ပါတယ်။ Quest VR ကို Software Update တင်လိုက်ရင် setting ထဲမှာ Direct Touch ဆိုတဲ့ setting တစ်ခုတိုးလာမှာဖြစ်ပြီး ထို setting ကို ဖွင့်လိုက်ရင် အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။ အဆိုပါ Software Update ကို Mark Zuckerberg ကိုယ်တိုင် စမ်းသပ်ပြထားတဲ့ video ကို Mark Zuckerberg ရဲ့ instagram မှာ တင်ထားပါတယ်။

Trying Direct Touch on Quest 2! video by Immerset Robot

အပေါ်က Video ထဲမှာ မြင်ရတဲ့အတိုင်း Quest VR ရဲ့ Direct Touch ကို အသုံးပြုရတာ အရမ်းကိုအဆင်ပြေပါတယ်။ Quest VR ဟာ Meta က ထုတ်ထားတာဖြစ်လို့ headsets ထဲမှာရှိတဲ့ Games တွေအပြင် Facebook ၊ Instagram ၊ Messenger အစရှိတဲ့ Meta ရဲ့ ထုတ်ကုန်တွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ The Verge က စမ်းသပ်ထားတဲ့ review မှာတော့ ဖုန်းအသုံးပြုသလိုမျိုး screen ကို ပွတ်တာ၊ Game ဆော့တာတွေအတွက် အရမ်းကိုအဆင်ပြေပေမယ့် စာရိုက်ရင်တော့ အခက်အခဲ အနည်းငယ်ရှိနေသေးတယ်လို့ ပြောထားပါတယ်။ ဒါကလည်း အသုံးပြုနေကြပုံစံ မဟုတ်သေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ The Verge က ပြောထားပါတယ်။

Meta ရဲ့ Quest VR headsets တွေအတွက် Update ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အနာဂတ်မှာ ကွန်ပျူတာတွေဟာ VR Headsets တွေထဲ ရောက်လာမလားဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Exit mobile version