Meta က Instagram ရှိ DM Spam များကို ကာကွယ်ရန်လုံခြုံရေးတိုးမြှင့်

ဇွန်လရဲ့နောက်ဆုံး အပတ်လောက်က စတင်ပြီးတော့ Meta က Instagram ရဲ့ Direct Message(DM) မှာ လက်ခံသူရဲ့ ခွင့်ပြုချက်မရရှိဘဲ စာသားဖြစ်စေ၊ ဓာတ်ပုံဖြစ်စေ ပေးပို့ခြင်းများကို ကာကွယ်ရန် “Hidden Words”လို့နာမည်ပေးထားတဲ့ Combat Spam Tools များကို ထည့်သွင်းထားပြီး စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆိုလိုတာက မိမိရဲ့ Instagram Massage Box မှာ မိမိခွင့်ပြုချက်မပါရှိဘဲ Videos၊ အသံမက်ဆေ့ဂျ်များ၊ ဓာတ်ပုံများကို တစ်ခြားသူများက ပေးမို့လို့ရမှာမဟုတ်ပါဘူး။ Spammerမျာ;၊ မသမာသူတွေဆီကနေ အထူးသဖြင့် မိန်းကလေးများကို ပစ်မှတ်ထားပြီး ၎င်းတို့ရဲ့ DMs တွေဆီ ရည်ရွယ်ချက်ရှိရှိ တရားမဝင်အသံမက်ဆေ့ဂျ်များ၊ Creepy Video များ၊ Adult Photo များ မကြာခဏ ပေးပို့ခြင်းခံနေရတာဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်များကို ကာကွယ်ရန် Company က ၎င်းတို့ရဲ့ Instagram DMs ရဲ့ လုံခြုံရေးစနစ်ကို တိုးမြှင့်နေတယ်လို့ သိရှိရပါတယ်။

Meta က Instagram ရှိ DM Spam များကို အပြည့်အ၀ မထိန်းချုပ်နိုင်ပေမယ့် မိမိတို့ဘက်က အကောင်းဆုံးလုံခြုံရေးစနစ်‌တွေနဲ့ တိုးမြှင့်ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Exit mobile version