Facebook မှာ ဝင်ငွေရှာနိုင်အောင် Content Creator တွေအတွက် Monetization ပေါ်လစီအသစ်ကို Meta မှ ထုတ်ပြန်

Follower 5k, 60k Minutes Video Watch ရှိရင် လျှောက်လို့ရပြီ

In-Stream Ads Monetization

Facebook In-Stream Ads, Subscription, Stars စတဲ့အရာတွေက Facebook Content Creator တွေအတွက် ဝင်ငွေရှာနိုင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီး ယခင်က ဒီလိုမျိုး Monetization ရဖို့အတွက် သတ်မှတ်ချက်တွေက မြင့်ပါတယ်။

In-Stream Ads ဆိုတာ Facebook Platform ပေါ်မှာ Video တွေဖန်တီး၊ Game Streaming လုပ်ပြီး Facebook က ကြော်ငြာတွေနဲ့ဝင်ငွေရှာနိုင်မယ့် Monetization Program တစ်ခုဖြစ်ပါတယ်။

Content Creator တွေ Facebook Platform ပေါ်မှာ ဝင်ငွေရှာနိုင်ဖို့ သတ်မှတ်ချက်အချို့ကို Meta က လျော့ချပေးခဲ့ပြီး Follower 5k, Video Watch 60k minutes, နဲ့ Video 5 ပုဒ်အနည်းဆုံးရှိခဲ့ရင် Facebook In-Stream Ads ကိုလျှောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ယခင်က In-Stream Ads Monetization လျှောက်ဖို့အတွက် Follower 10k, Video Watch Hour 600k လိုအပ်တာဖြစ်ပြီး ယခုသတ်မှတ်လိုက်တဲ့ ပေါ်လစီအသစ်က အရမ်းကို လွယ်ကူသွားတာ ဖြစ်ပါတယ်။ အခုလို ဆပေါင်းများစွာ လျော့ချပေးတဲ့ ပေါ်လစီအသစ်ဟာဆိုရင် Content Creator တွေအတွက် ပိုမိုကောင်းမွန်တယ်ဆိုပေမယ့် တစ်ခြားတစ်ဖက်မှာတော့ Tiktok, Youtube Video Platform ပေါ်တွေဆီ Creator တွေကူးပြောင်းသွားမှာကို Meta က စိုးရိမ်နေတာကိုလည်း တွေ့ရှိရမှာပါ။

Tiktok Platform ပေါ်မှာလည်း Creator တွေကို ဝင်ငွေပြန်ပေးနေတဲ့ Monetization အစီအစဉ်တွေရှိနေပြီး Youtube ကလည်း Shorts Video တွေတင်တဲ့ Creators တွေကို ကြော်ငြာခတွေပြန်ပေးနေတဲ့ Monetization အစီအစဉ်ကို Feb1 , 2023 မှာ ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။

Facebook In-Stream Ads Monetization ကို ဘယ်လိုလျှောက်မလဲ

လက်ရှိမှာ In-Stream Ads Monetization Program ကို မြန်မာနိုင်ငံကနေ လျှောက်လို့မရသေးပေမယ့် Monetize Myanmar ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ In-Stream Ads Monetization ဝန်ဆောင်မှုအတွက် သိထားရမယ့် အချက်အလက်များကိုလည်း Monetize Myanmar နဲ့ MyanmarEndUser တို့ပူးပေါင်းပြီး ထုတ်ပြန်ကြေငြာထားပါသေးတယ်။ MyanmarEndUser website ရဲ့ Services ဆိုတဲ့ Menu ကနေတစ်ဆင့်ကြည့်နိုင်ပါတယ်။

Monetization ဆိုင်ရာ သိထားသင့်တဲ့ အကြောင်းအရာတွေကိုလည်း Series တစ်ခုအနေနဲ့ Video Content တွေဖန်တီးကာ MyanmarEndUser Youtube Channel တွင်လည်း မျှဝေလျက်ရှိတာကြောင့် MyanmarEndUser ရဲ့ Youtube Channel ကို Subscribe လုပ်ထားနိုင်ပါတယ်။

Monetize Myanmar ဆိုတာ 

Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။

Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

Monetization Myanmar ရဲ့ Facebook Page ကိုလည်း Like and Follow လုပ်ခဲ့ပေးဖို့လည်း ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။

Exit mobile version