Meta ဟာ ကနေဒါနိုင်ငံတွင် Facebook နဲ့ Instagram ရှိ သတင်းတွေကို ဖယ်ရှားရတော့မည်

Meta ဟာ ဥပဒေအရ ကနေဒါနိုင်ငံအတွင်း Facebook နဲ့ Instagram ပေါ်ရှိ သတင်းတွေကို ဖယ်ရှားရတော့မှာ ဖြစ်ပါတယ်။

ကနေဒါမှာ Online သတင်းနဲ့ ပတ်သက်တဲ့ အက်ဥပဒေ Bill C-18 ဟာ ၂၀၂၁ ခုနှစ်မှာ စတင်အဆိုပြုခဲ့တာဖြစ်ပြီး ထိုအချိန်မှာ Meta က ၎င်းဥပဒေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရပ်တည်မှုကို ရှင်းလင်း ပြတ်သားစွာ ထုတ်ဖော်ခဲ့တာကြောင့် ဥပဒေကို အတည်မပြုနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်က Meta က ၎င်းဥပဒေကို မပြုပြင်ပေးပါက ကနေဒါမှ သတင်းအကြောင်းအရာများကို မျှဝေခြင်းအား ပိတ်ပင်သွားမယ်လို့ အစိုးရကို ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒါတင်မကပဲ ဒီလအစောပိုင်းမှာ ကနေဒါရှိ Facebook နဲ့ Instagram အသုံးပြုသူ တချို့ကို သတင်းများ မျှဝေခြင်း ပိတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကနေဒါရဲ့ အထက်လွှတ်တော်မှ Online အက်ဥပဒေ Bill C-18 ကို အတည်ပြုလိုက်ကာ ဝန်ကြီးချုပ်အတည်ပြုချက်ယူပြီးရင်တော့ အဆိုပါဥပဒေဟာ စတင်အတည်ပြုတော့မှာ ဖြစ်ပါတယ်။ ဒီဥပဒေကို ပယ်ဖျက်ဖို့ Meta ရဲ့ ခြိမ်းခြောက်မှုဟာ ဥပဒေကို အတည်ပြုစေတဲ့အထိ တွန်းအားပေးသလို ဖြစ်သွားတာကြောင့် မကြာမီမှာ ကနေဒါရှိ Facebook နဲ့ Instagram ပေါ်မှာ သတင်းရေးသားသူများနဲ့ သတင်းထုတ်လွှင့်သူများဟာ ရပ်နားရတော့မှာ ဖြစ်ပါတယ်။

Meta ကလည်း Online အက်ဥပဒေ Bill C-18 ကို အတည်မပြုမီ ကနေဒါရှိ အသုံးပြုသူအားလုံးအတွက် သတင်းရရှိမှုကို Facebook နဲ့ Instagram တွင် အဆုံးသတ်မှာ ဖြစ်ကြောင်း ပြန်လည် အတည်ပြုပြောဆိုထားတဲ့အပြင် Bill C-18 ကို လိုက်နာမှာဖြစ်လို့ ကနေဒါရှိ သတင်းထုတ်ဝေသူများနဲ့ ရုပ်သံသတင်းကြေငြာသူများဟာ သတင်းဆိုင်ရာ အကြောင်းအရာများအတွက် ကနေဒါတွင် Facebook Platform ကိုအသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ကြောင်းကို အကြိမ်ကြိမ် အသိပေးမျှဝေနေကြောင်း သိရပါတယ်။

အခုလိုမျိုး ကနေဒါရဲ့ ဥပဒေနဲ့ တူညီတဲ့ ဥပဒေကို ၂၀၂၁ ခုနှစ်က သြစတြေးလျမှာ အတည်ပြု ပြဌာန်းခဲ့ပါသေးတယ်။ ထိုဥပဒေကြောင့် သြစတြေးလျရှိ သတင်းများကို Meta က ဖယ်ရှားခဲ့ရပြီး နောက်ပိုင်းမှာတော့ သြစတြေးလျ အစိုးရက ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး သတင်းထုတ်ဝေသူများနဲ့ ဆွေးနွေးညှိနှိုင်းကာ လုပ်ဆောင်ရန် ပြန်လည်ခွင့်ပြုခဲ့ပါတယ်။

Exit mobile version