Facebook ads များကနေ App များကို တိုက်ရိုက် Download လုပ်နိုင်ရန် Meta က စီစဉ်နေ

မကြာသေးမှီကမှ ဥရောပသမဂ္ဂ(EU) ချမှတ်လိုက်တဲ့ Digital Markets Act (DMA) ဥပဒေ ကိုအခြေပြုပြီး Meta က EU နိုင်ငံများ အတွင်းရှိ User များအား Facebook ads များမှ တဆင့် App များကို တိုက်ရိုက် Download လုပ်နိုင်ရန် အစီစဉ်တစ်ခုကို ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ အဆိုပါ Program ကို ဒီနှစ်ကုန်ခံနီး မှာ Android app developer များနဲ့ အတူ စမ်းသပ်ပရိုဂရမ်တစ်ခုအနေဖြင့် စတင်မယ်လို့လဲ သိရှိရပါတယ်။

Facebook ads များကနေ App များကို တိုက်ရိုက် Download လုပ်နိုင်ရန် Meta က စီစဉ်နေ

အဆိုပါ Program ကို Andriod ပေါ်မှာ စတင်စမ်းသပ်မှု ပြုလုပ်မှာဖြစ်ပြီး App developer ရဲ့ Android app များကို Play Store ဆီညွှန်ပြမှာ မဟုတ်တော့ဘဲ ၎င်းတို့ရဲ့ Facebook ads များမှတစ်ဆင့် တိုက်ရိုက် Download လုပ်လို့ ရမှာဖြစ်ပါတယ်။ Google နဲ့ Apple တို့ရဲ့ app store များနဲ့ အပြိုင်စမ်းသပ်ပြူလုပ်နေတာ Meta အပြင် Microsoft ကလဲ လာမယ့်နှစ်တွေမှာ iOS နဲ့ Android ဂိမ်းများ အတွက် Alternative App Store တစ်ခုကို ထုတ်လုပ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Exit mobile version