သတင်းပေါက်ကြားခဲ့သော  Mixed-Reality Headset ” Quest 3″ ကို Meta ကထုတ်ဖော်ပြသ

မကြာသေးမှီ ကမှ ကောလဟာလ သတင်းဖြစ်ခဲ့တဲ့ Meta ” Quest 3″ VR Headset ကို Company က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ဖော် ပြသခဲ့ပါတယ်။ အဆိုပါ Quest 3 နားကြပ်သည် မကြာသေးခင်က ထွက်ရှိထားသော Quest Pro လိုမျိုး Mixed Reality and Offers Full-Color Passthrough ကို ပေးစွမ်းနိုင်ပြီး User များ အသုံးပြုတဲ့ အခါ ၎င်းတို့ရဲ့ ဝန်းကျင်မှာရှိတဲ့ အရာ၀တ္တုများရဲ့ အရောင်အတိုင်း တိကျစွာမြင်နိုင်တဲ့ Augmented Reality Element များထည့်သွင်းထားတာဖြစ်ပါတယ်။

Quest 3 နားကြပ်ကို ယခင် Generation Quest 2 ထက် Graphical Power နှစ်ဆမြှင့်ထားပြီး Quest 2 ထက် ၄၀ ရာခိုင်နှုန်းပိုမို ပါးလွှာမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အခုကတော့ Quet 3 ကို သတင်းပေါက်ကြားသွားလို့ ထုတ်ဖော်ကြေငြာရုံဘဲဖြစ်ပြီး စက်တင်ဘာလ 27 ရက်မှာ ကျင်းမယ့် Company ရဲ့ Connect Conference မှာ Quest 3 ရဲ့ လုပ်ဆောင်ပုံ အသေးစိတ် အချက်အလက်ကို ကြေညာမှာ ဖြစ်ပါတယ်။ လာမယ့် Update မှာတော့ Quest 2 နဲ့ Quest Pro တို့ရဲ့ CPU/GPU Performance များကို ထိုးမြှင့်ပေးထားပြီး VR Hesdset ရဲ့ Frame Rates ကို ပိုမိုကောင်းမွန်စေရန် ထည့်သွင်းထားသော Dynamic Resolution ရဲ့ စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင်ထားတယ်လို့ Meta က ပြောကြားထားပါတယ်။

Exit mobile version