AI နည်းပညာအသုံးပြုပြီး ဂီတသံစဉ်တွေဖန်တီးနိုင်မယ့် MusicGen AI ကို Meta က OpenSource အဖြစ် ထုတ်ပေး

MusicGen AI ဆိုတာ Meta က ဖန်တီးထားတဲ့ AI Generative Music AI အမျိုးအစားဖြစ်ပြီး သီချင်းစာသားထဲမှာ ပါဝင်ချင်တဲ့ Mode တွေ၊ Object တွေ၊ ခံစားချက်တွေကို ရေးသားပေးလိုက်ရုံနဲ့ အလိုအလျောက် သီချင်းရေးပေးမယ့် AI Music နည်းပညာတစ်ခု ဖြစ်ပါတယ်။

ထူးခြားချက်ကတော့ OpenSource အဖြစ် Meta က ထုတ်ပေးလိုက်တာကြောင့် MusicGen ကို အခြေခံတဲ့ အခြားသော Generative AI Music Product တွေ၊ နည်းပညာတွေ ဆင့်ကဲ့ပေါက်ဖွားလာနိုင်တော့မှာ ဖြစ်ပါတယ်။

MusicGen ဟာ သီချင်းစာသားတွေသာမက သံစဉ် ( Melody) တွေကိုပါ ဖန်တီးပေးနိုင်တာကြောင့် လောလောဆယ်မှာတော့ အင်တာနက်ပေါ်မှာ နာမည်ကြီးနေပါပြီ။

စာဖတ်သူတို့ရော ဘယ်လိုထင်မြင်ချက်ပေးချင်ပါသလဲ၊ ဂီတဖန်တီးမှုတွေက သက်ရှိလူသားတွေဖန်တီးမှ ပိုမိုသက်ဝင်တယ်လို့ထင်ပါသလား၊ ဒါမှမဟုတ် AI တွေ ဖန်တီးပေးတဲ့ ဂီတတွေကရော အသက်မပါဘူးလို့ ထင်ပါသလား၊ ဘယ်လိုထင်မြင်ချက်ပေးချင်ပါလဲ?

Exit mobile version