US Region မှာ Facebook နဲ့ Instagram Blue Mark ကို ဝယ်လို့ရပြီ

Meta က Paid Verification လို့ ခေါ်တဲ့ Facebook နဲ့ Instagram Blue Mark ကို US မှာ လစဥ်ကြေးပေးကာ ဝယ်ယူခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။

Elon Musk ရဲ့ Twitter Blue Service လိုမျိုး Facebook နဲ့ Instagram မှာလည်း Verification အပြည့်အစုံလုပ်ကာ လုံခြုံစိတ်ချရတဲ့ အကောင့်တစ်ခု ဖြစ်စေချင်ရင်တော့ Blue Mark ကို လစဥ်ကြေးပေးကာ ဝယ်ယူရမှာဖြစ်ပါတယ်။ Meta ဟာ Facebook နှင့် Instagram ရဲ့ Blue Mark ကို ရောင်းချမယ်ဆိုတာ ဒီနှစ်အစောပိုင်းက ကြေငြာခဲ့ပြီး Australia နှင့် New Zealand တို့မှာ စတင်စမ်းသပ်ရောင်းချခဲ့ပါတယ်။

Meta ကြေငြာထားချက်အရ US Region မှာ Facebook နဲ့ Instagram တို့ရဲ့ Blue Mark ကို iOS နှင့် Android Devices တွေကနေ ဝယ်ယူပါက တစ်လလျှင် $14.99 (£12) ကျသင့်မှာဖြစ်ပြီး Website ကနေ တိုက်ရိုက်ဝယ်ယူပါက တစ်လလျှင် $11.99 (£10) ကျသင့်မယ်လို့ သိရပါတယ်။ အရေးကြီးတာတစ်ခုက နိုင်ငံသားမှတ်ပုံတင် ID Card ရှိမှသာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ Paid Verification စနစ်ကို ကျင့်သုံးနေတဲ့ Social Networks တွေမှာ Facebook ၊ Instagram နှင့် Twitter တို့သာမကပဲ Snap နှင့် Telegram တို့ပါ ပါဝင်နေတာကြောင့် နောက်ပိုင်း Social Networks တွေအားလုံးမှာ Paid Verification စနစ်တွေ ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။

Meta ရဲ့ Paid Verification သတင်းနဲ့အတူ Meta ရဲ့ နောက်ထပ်သတင်းတစ်ခုကို ဒီနေရာမှာပဲ တင်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Meta ဟာ ဒီအပတ်အစောပိုင်းမှာ သူတို့ရဲ့ ဝန်ထမ်းပေါင်း ၁၀၀၀၀ ကို အလုပ်မှ ရပ်နားဖို့ စာပို့ထားတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

Exit mobile version