Meta က WhatsApp မှာ Channels လို့ခေါ်တဲ့ Feature အသစ်ကိုမိတ်ဆက်

Meta က WhatsApp မှာ Twitter လိုမျိုး Chat Function တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Channels လို့ခေါ်တဲ့ Feature က အစိုးရ အဖွဲ့ အစည်းများ/သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများ/ Brands Company များ ကုန်ပစ္စည်တွေ ကြော်ငြာတဲ့ အခါ Company က Facebook Gp လိုမျိုး မိမိ ကိုယ်ပိုင် Channels အဖြစ် စရင်းပေးပြီး မျှဝေလို့ ရမှာဖြစ်ပါတယ်။ User များက အဆိုပါ Channel များကို Following လုပ်တာပဲ ဖြစ်ဖြစ် ဝင်ရောက်ကြည့်ရှုတာပဲ ဖြစ်ဖြစ် မိမိရဲ့ ဖုန်းနံပတ်ကို Channel Admin များနဲ့ တခြား Channel Follower များကမြင်တွေ့ ရမှာမဟုတ်ပါဘူးလို့ Company ကပြောကြားထားပါတယ်။ ၎င်း Channels မှာ Telegram နဲ့ Instagram တို့လိုမျိုး စာသား၊ ဓာတ်ပုံ၊ ဗီဒီယို၊ စတစ်ကာများနှင့် စာဖိုင်များ ပေးပို့ လို့ ရမှာဖြစ်ပါတယ်။

Introducing WhatsApp Channels

WhatsApp က ၎င်းတို့ရဲ့ Channels Feature မှ Payment နဲ့ Monetization Services များကိုပါ ထည့်သွင်းထားတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ Colombia နဲ့ Singapore ရှိ စာရင်းပေးရွေးချယ်ထားသော Global Organizations and Specific Organizations များနဲ့ Channels ကို စတင်မှာ ဖြစ်ပြီး နောက်ပိုင်း တစ်ခြားနိုင်ငံများအတွက်ပါ တစ်ဖြည်းဖြည်း Channels များကို တိုးချဲ့သွားမယ်လို့ သိရှိရပါတယ်။

Exit mobile version