Meta က Metaverse ရဲ့ Horizon Worlds ထဲမှာ Instagram Story Post တင်လို့ ရမယ့် Feature အသစ်တစ်ခုကို စမ်းသပ်နေ

Meta ရဲ့ Virtual Reality Social Platform တစ်ခု ဖြစ်တဲ့ Horizon Worlds မှာ User များရဲ့ Adventures photo နဲ့ Video များကို Will-Level Graphic အနေနဲ့ Metaverse ထဲက Facebook နဲ့ Instagram တို့မှာ Story Post တင်လို့ ရမယ့် story-sharing ဆိုတဲ့ Feature အသစ်တစ်ခုကို Company က စမ်းသပ်နေတယ်လို့ သိရှိရပါတယ်။

Meta ရဲ့ Horizon Worlds,

Horizon Worlds မှာ Adventures တွေအပြင် အေးအေးဆေးဆေး ဆော့ချင်တဲ့ User တွေ အတွက် Safe Zone ဆိုတဲ့ Feature တစ်ခုကို Meta ကစမ်းသပ် နေတယ်လို့လဲ သိရှိရပါတယ်။ အဆိုပါ Safe Zone မှာ Real World က အတိုင်း FaceBook နဲ့ Instagram တို့ကို အသုံးပြုလို့ ရမှာ ဖြစ်ပြီး Real World က မိမိရဲ့ Video နဲ့ Photo တွေကို Story အနေနဲ့ တင်လို့ ရမှာဖြစ်ပါတယ်။

အခုချိန်ထိတော့ Meta ရဲ့ Horizon Worlds မှာ Error များရှိနေသေးသော်လဲ လာမယ့် V108 Update မှာ Error တော်တော်များများ ကို Company က ဖြေရှင်းထားတယ်လို့ လဲသိရှိရပါတယ်။ လောလောဆယ် အဆိုပါ Feature ကို User 50 ရာခိုင်နှုန်းသာ အသုံးပြုလို့ ရမှာဖြစ်ပြီး ပိုမိုအသုံးပြုလို့ ရအောင် လုပ်ဆောင်နေတယ်လို့ လဲသိရှိရပါတယ်။

Exit mobile version