Ad-free Instagram နှင့် Facebook ကို လစဥ်ကြေးပေးကာ ဝယ်ယူနိုင်ပြီ

EU မှာ Facebook နှင့် Instagram တို့ကို လစဥ်ကြေးပေးကာ Ad-free အသုံးနိုင်ပြီဖြစ်ကြောင်း Meta ရဲ့ ပြောကြားမှုအရ သိရပါတယ်။

Meta ရဲ့ ပြောပြမှုအရ Facebook နှင့် Instagram တို့ရဲ့ Ad-free ကို Web မှ ဝယ်ယူလိုပါက တစ်လကို €9.99 ကျသင့်မှာဖြစ်ပြီး Mobile Apps တွေမှ ဝယ်ယူပါက တစ်လကို €12.99 ကျသင့်မှာ ဖြစ်ကြောင်း သိရပါတယ်။ နောက်တစ်ခုကတော့ မတ်လ ၁ ရက်နေ့ကစလို့ Ad-free Subscribers များဟာ Meta Account Center ကို Link လုပ်ထားတဲ့ Profile တစ်ခုအတွက် လစဥ်ကြေးကို Web မှ ဝယ်ယူတဲ့သူများအတွက် €6 နှင့် Mobile Apps မှ ဝယ်ယူသူများအတွက် €8 ဆိုပြီး အပိုထပ်မံ ကောက်ခံသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Ad-free Subscriber တွေအတွက် အားသာချက်ကတော့ Facebook နဲ့ Instagram တို့ကို အသုံးပြုရာမှာ ကြော်ငြာများ မမြင်ရတော့တာအပြင် မိမိရဲ့ အကောင့်ကို ကြော်ငြာများပြသဖို့အတွက် ပြုလုပ်ထားတဲ့ အချက်အလက်များ စောင့်ကြည့်ခြင်းကိုလည်း ကင်းလွတ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အခုအချိန်မှာ Ad-free ကို EU ရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ စတင်ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပြီး တစ်ကမ္ဘာလုံးအတွက် ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Exit mobile version