Meta က Decentralized Social App တစ်ခုကို ဖန်တီးနေ

Meta က နောက်ထပ် လူမှုကွန်ရက် App တစ်ခုကို ထပ်မံဖန်တီးနေတယ်လို့ သိရပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ထူးခြားချက်ကတော့ အခု Development လုပ်နေတဲ့ Social App က Decentralized System ဖြစ်တယ်လို့ သိရပါတယ်။

Decentralized ဆိုတာ ဗဟိုထိန်းချုပ်မှုကင်းမဲ့တဲ့ စနစ်ကိုဆိုလိုတာဖြစ်ပြီး Meta လို အရာရာထိန်းချုပ်ထားတဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခုအနေနဲ့ ဗဟိုထိန်းချုပ်မှုကင်းမဲ့တဲ့ Decentralized Social App ကိုဖန်တီးနေတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်။ Meta က ဖန်တီးနေတဲ့ Decentralized Social App ဟာ Text-based App အမျိုးအစားဖြစ်တယ်လို့ဘဲ သိရပါသေးတယ်။

P92 လို့အမည်ပေးထားတဲ့ Codename စာရွက်စာတမ်းဆိုင်ရာ အပြင်ကို ပေါက်ကြားလာမှုကြောင့် Meta က Decentralized Social App ကို ဖန်တီးနေတာမှန်ကန်ကြောင်း ထုတ်ဖော်ပြောကြားခြင်းဘဲ ဖြစ်ပါတယ်။ Twitter စတိုင်မျိုးဘဲဖြစ်လာမလား၊ ဒါမှမဟုတ် အခုခေတ်စားပြီး လူသိများလာတဲ့ Mastodon လို Social App ဘဲဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Exit mobile version