Meta ရဲ့ ကိုယ်ပိုင် LLaMa AI ကို မိတ်ဆက်

Meta ရဲ့ LLaMA AI ဆိုတာ ဘာလဲ?

AI တွေ ခေတ်စားနေတဲ့ အချိန်မှာ Meta ကလည်း သူတို့ရဲ့ ကိုယ်ပိုင် AI ဖြစ်တဲ့ LLaMA ကို ချပြလိုက်ပါပြီ။ Meta ရဲ့ LLaMA ဟာ Microsoft ၊ Google နဲ့ OpenAI တို့က ထုတ်လုပ်ထားတဲ့ AI တွေနဲ့ အလားတူ Chatbot AI အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

Meta ရဲ့ AI ကတော့ Chatbot AI အမျိုးအစားဖြစ်ပေမယ့် ChatGPT လိုမျိုး လူတိုင်းက စကားပြောလို့ရတဲ့ AI တစ်ခုမဟုတ်ခဲ့ပါဘူး။ Meta ရဲ့ ပြောပြမှုအရ သူတို့ရဲ့ AI ကို သုတေသန လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက်ဖြစ်ပြီး လက်ရှိချပြခဲ့တာ လေးပုံတစ်ပုံပဲ ရှိသေးတယ်လို့ သိရပါတယ်။ Meta ရဲ့ LLaMA ဟာ စီးပွားရေးလုပ်ငန်းတွေမဟုတ်တဲ့ တက္ကသိုလ်တွေ၊ NGO တွေ၊ စက်မှုဓာတ်ခွဲခန်းတွေအပြင် ပညာရေးဆိုင်ရာ သုတေသီများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ ဥပဒေပြုသူများအထိ အထောက်အကူပြုနိုင်မယ်လို့ သိရပါတယ်။

Meta ရဲ့ ပြောပြမှုအရ LLaMA AI ရဲ့ model ဟာ LLaMA-13B ဖြစ်ပြီး OpenAI ရဲ့ နာမည်ကြီးတဲ့ GPT-3 model ထပ် ပိုပြီး အားကောင်းတယ်လို့ သိရပါတယ်။ တကယ်တော့ Meta ဟာ အရင်ကတည်းက သူတို့ရဲ့ Chatbot AI တစ်ခုဖြစ်တဲ့ BlenderBot ကို ချပြခဲ့ဖူးပါတယ်။ သို့ပေမယ့် ယခု AI လောက် မကောင်းတာကြောင့် နာမည်မရခဲ့ပါဘူး။ ဒါ့အပြင် သိပ္ပံဆိုင်ရာ စာတမ်းပြုစုဖို့ Galactica AI ကိုလည်း ချပြခဲ့ပါသေးတယ်။ ဘယ်သူမှတော့ သတိမထားမိခဲ့ပါဘူး။

ယခု ချပြခဲ့တဲ့ LLaMA AI ကတော့ CEO Mark Zuckerberg ကိုယ်တိုင် Facebook မှာ ပြောထားတာဖြစ်လို့ မကြာမှီမှာ သုတေသီတွေလက်ထဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။

Exit mobile version