Meta က ၎င်းတို့ရဲ့ AI image generator ကို သီးသန့် Website တစ်ခု အနေနဲ့ ချပြ

Meta Company က ၎င်းတို့ရဲ့ Platform များဖြစ်ကြတဲ့ Facebook၊ Instagram နဲ့ WhatsApp တို့မှာ AI Feature အသစ်များကို စမ်းသပ်လျှက်ရှိနေတာဖြစ်ပါတယ်။ Imagine လို့ခေါ်တဲ့ AI image generator တစ်ခုကို နိုဝင်ဘာလ မှာပြုလုပ်ခဲ့တဲ့ Company ရဲ့ Connect event မှာ စမ်းသပ်ပြသခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ imagine.meta.com ဆိုပြီး AI Image Generator သီးသန့် Wedsite တစ်ခုကို ကြေညာခဲ့ပါတယ်။

Meta ရဲ့ Imagine လို့ခေါ်တဲ့ AI image generator က ၎င်းတို့ရဲ့ Emu model ကိုအသုံးပြုထားတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ တစ်ခြား AI image generator တွေလိုမျိုးဘဲ Prompt များရေးသားကာ ပုံများကိုထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ ခုချိန်မှာတော့ Meta Imagine ကို အသုံးပြုထားတဲ့ AI Image တွေမှာ Meta AI နဲ့ ဖန်တီးထားကြောင်း သိသာထင်ရှားတဲ့ Watermark တစ်ခုပါဝင်မှာ‌ ဖြစ်ပါတယ်။ Company ကတော့ ဒီထက်အရောင်မှိန်ပြီး Customize Watermark System တစ်ခုမကြာခင် စမ်းသပ်ပြုလုပ်တော့မှာ‌ ဖြစ်တယ်လို့ သိရှိရပါတယ်။ Meta က Messaging app များမှာ ၎င်းတို့ရဲ့ AI နဲ့ ပြုလုပ်ထားတဲ့ ရုပ်ပုံများကို Friend များဆီမျှဝေနိုင်ပြီး ပုံများကို ပြန်လည်ပြင်လို့ ရနိုင်တဲ့ “reimagine” ဆိုတဲ့ Tool တစ်ခုကိုလဲ မိတ်ဆက်ခဲ့ပါသေးတယ်။

Meta က ၎င်းတို့ရဲ့ AI image generator ကို သီးသန့် Website တစ်ခု အနေနဲ့ ချပြ

Meta Imagine ကို ခုချိန်မှာတော့ သတ်မှတ်ထားတဲ့ နိုင်ငံများမှာသာ အသုံးပြုလို့ ရနိုင်ပါသေးတယ်။ Meta Imagine ကိုအသုံးပြုမယ်ဆိုပါက Facebook ဒါမှမဟုတ် Instagram အကောင့်နဲ့ Login ဝင်ပြီး Meta Imagine အတွက် သီးသန့် အကောင့်တစ်ခုပြုလုပ်မှသာ အသုံးပြုလုပ်ရမှာ ဖြစ်ပါတယ်။ Company က Facebook အတွက်လဲ Generative AI Tool များကို စမ်းသပ်ပြုလုပ်နေတာဖြစ်ပြီး Facebook Groups နဲ့ Marketplace လိုနေရာမျိုးမှာ စတင်ချပြမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ Mark Zuckerberg ကတော့ Gen AI ကို ၎င်းတို့ရဲ့ Product တိုင်းမှာ အသုံးပြုနိုင်အောင် ကြိုးစားထုတ်လုပ်လျှက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Exit mobile version