Meta နှင့် Ray-Ban တို့ပေါင်းပြီး ထုတ်လုပ်ထားတဲ့ Ray-Ban smart glasses တွေထဲမှာ AI ကို မြင်တွေ့ရနိုင်

April လထဲမှာ Ray-Ban smart glass ထဲမှာ AI features တွေကို ထည့်သွင်းသွားမယ်လို့ Meta က ပြောကြားခဲ့ပါတယ်။ AI features တွေထဲမှာ Translation, identifying objects and animals features တွေ အဓိကပါဝင်မယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနှင့် “Hey Meta” လို့ခေါ်​လိုက်တာနှင့် AI features တွေကို အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ Videos တွေထဲမှာ Smart Glass ကို တပ်ဆင်ထားရုံနှင့် ကားမောင်းတဲ့နေရာ၊ စျေးဝယ်ထွက်တဲ့နေရာ၊ zoo သွားတဲ့အခါမျိုးတွေမှာ အသုံးဝင်ပုံတွေကို ပြသထားပါတယ်။

Meta’s AI က Artwork တွေနှင့် Pets တွေကို ခွဲခွဲခြားခြားသိမြင်နိုင်ပေမယ့် ၁၀၀% တော့ မတိကျသေးပါဘူး။ တိရစ္ဆာန်တွေကို သတ်မှတ်တဲ့နေရာမှာ လှောင်အိမ်ထဲက တိရစ္ဆာန်တွေကို ကောင်းကောင်းမခွဲခြားနိုင်သေးပါဘူး။ ထို့အပြင် အသီးအနှံတွေကိုလည်း သတ်မှတ်တဲ့နေရာမှာ အခက်အခဲအများကြီး ရှိနေတာကို တွေ့ရပါတယ်။ AI Translation အနေနှင့် အင်္ဂလိပ်၊ စပိန်၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမန်ဘာသာစကားတွေသာ ရပါသေးတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ Meta က ဒီထက်ပိုပြီးကောင်းမွန်လာတဲ့ upgrade version တွေကို ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ US မှာနေထိုင်တဲ့ သတ်မှတ်ထားတဲ့ users တွေသာ ဒီ features တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version