Meta က ထုတ်ကုန် အမှတ်တံဆိပ် များအတွက် ပိုမိုကောင်းမွန်တဲ့ Brand Protection Tools အသစ်များကို ထည့်သွင်း

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ Meta က ၎င်းတို့ရဲ့ Brand Protection Tool အတွက် Update အသစ်များကိုကြေညာခဲ့ပါတယ်။ Brand Protection Tools ရဲ့ Update မှာ AI-Power သုံး စွမ်းရည်အသစ်များပါဝင်လာပြီး လုပ်ငန်းရှင်များအတွက် သူတို့ရဲ့ထုတ်ကုန် အမှတ်တံဆိပ်များ အတွက် မူပိုင်ခွင့်၊ intellectual property (IP) နဲ့ အတုအယောင်ချိုးဖောက်မှုဆိုင်ရာ အကြောင်းအရာများကို ဖော်ထုတ်စစ်ဆေးပေးခြင်းတို့ကို အရင်ကထက်ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။

Meta က ထုတ်ကုန် အမှတ်တံဆိပ် များအတွက် ပိုမိုကောင်းမွန်တဲ့ Brand Protection Tools အသစ်များကို ထည့်သွင်း

Brand Protection Tools ကို အသုံးပြုသူများက ၎င်းတို့ ထုတ်ကုန်များရဲ့ Reference image များကို Upload လုပ်နိုင်ပြီး AI System ကပုံစံတူ Image များကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။ Meta က Reference image ကို အရင်က ပုံ ၅၀ သာ Upload လုပ်နိုင်ပြီး Update အသစ်မှာတော့ ပုံ ၂၀၀ တိုးမြှင့်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် Rights Manager Platform ကို ပိုမိုချဲ့ထွင်ထားတာကြောင့် မူပိုင်ခွင့်ကိုင်ဆောင်ထားသူများက သူတို့ရဲ့ Content များကို ပိုမိုထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ မူပိုင်ခွင့်ချိုးဖောက်မှုများ ဖြစ်ပေါ်ပါက ပိတ်ဆို့ခြင်း၊ Owner အား Tag Image များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်မှာဖြစ်ပါတယ်။ Update အသစ်များက Facebook နဲ့ Instagram ရှိ ထုတ်ကုန်အတုများနှင့် အတုအယောင်များကို အကာအကွယ်ပေးတဲ့ Meta(IP) Monitoring tools များကို ပိုမိုအားကောင်းစေမှာဘဲဖြစ်ပါတယ်။

Exit mobile version