Spotify မှာ AI Playlist ပါဝင်တဲ့ Superpremium ကို စီစဥ်နေပြီဖြစ်ကြောင်းသိရ

Spotify ဟာ AI Playlist နဲ့ Lossless Audio Feature တို့ ပါဝင်တဲ့ တစ်လလျှင့် ဒေါ်လာ ၁၉.၉၉ ကျသင့်မယ့် Superpermium Plan ကို ထည့်သွင်းရန် စီစဥ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

နည်းပညာရှင် တစ်ဦးဖြစ်သူ Chris Messina က Spotify ဟာ 24-bit Lossless Audio နှင့် AI Playlist တို့ပါဝင်တဲ့ Superpermium Plan ကို စီစဥ်နေပြီ ဖြစ်ကြောင်း Post တင်ခဲ့တာ ဖြစ်ပါတယ်။ Messina ပြောပြမှုအရ AI Playlist မှာ အဆင့်မြင့် သီချင်းရောစပ်မှု Tools ၊ Audiobook ကို နာရီ ၂၀မှ ၃၀အထိ နားထောင်နိုင်ခြင်းနှင့် “Your Sound Capsule” လို့ခေါ်တဲ့ စိတ်ကြိုက်ကမ်းလှမ်းနိုင်မှုတို့ ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းကို Spotify ဘက်က ထုတ်ပြန်ထားတာမဟုတ်တာကြောင့် အတည်မှတ်ယူလို့ မရသေးပါဘူး။ Spotify ဟာ အရင်တုန်းက အခုလိုမျိုး Premium Plan ကို စမ်းသပ်ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ AI ဟာ ခေတ်စားနေတာကြောင့် Spotify ဘက်က AI ပါဝါနဲ့ ၎င်းတို့ရဲ့ ထုတ်ကုန်ကို အဆင့်မြှင့်တင်ခြင်းတွေ လုပ်ဆောင်လာနိုင်တာကြောင့် Chris Messina ရဲ့ ပြောကြားမှုဟာ ဖြစ်နိုင်ချေတော့ ရှိနေပါတယ်။

သို့သော် Spotify ကို တိုက်ရိုက်မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော်တို့ဟာ Spotify ကို စဥ်ဆက်မပျက်တိုးတက်ရန် ကျိုးစားနေသလို အကြံဉာဏ်အသစ်များကိုလည်း ဖန်တီးနေကြောင်း၊ အသုံးပြုသူများအတွက်လည်း ပိုမိုကောင်းမွန်တဲ့ တန်ဖိုးတွေရရှိအောင် ကျိုးစားနေပေမယ့် အခုလိုမျိုး ဖြစ်နိုင်ချေရှိတဲ့ ဝန်ဆောင်မှုအသစ်များနဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုအပေါ် ကျွန်တော်တို့ဘက်မှ မှတ်ချက်မပေးပါဘူး” လို့ ပြန်လည် ပြောကြားခဲ့ကြောင်း သိရပါတယ်။

Exit mobile version