Mercedes ကားတွေမှာ ChatGPT ပါဝင်လာတော့မည်

ဇိမ်ခံကားတွေနဲ့ နာမည်ကြီးတဲ့ Mercedes-Benz ဟာ Microsoft နဲ့ Partner လုပ်ပြီးနောက် Mercedes ကားတွေမှာ ChatGPT ကို ထည့်သွင်းဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

Mercedes-Benz က ပြောပြချက်အရ လက်ရှိမှာ Beta Version အနေနဲ့ US ရှိ Mercedes ကားပေါင်း ၉သိန်း ကျော်ကို စမ်းသပ်ခွင့် ပေးထားကြောင်း သိရပါတယ်။ ChatGPT ပါဝင်လာမယ့် Mercedes ကားမှာ ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာတော့ အသေးစိတ်ပြောပြထားတာ မရှိပဲ ကားနဲ့ပတ်သက်တာတွေ အားလုံးကို ChatGPT က လုပ်ပေးနိုင်မယ်လို့ပဲ ပြောထားပါတယ်။ ChatGPT ကိုထည့်သွင်းမယ့် သတင်းကို အင်္ဂါနေ့တုန်းက ကြေငြာခဲ့ပြီး US ရှိ အသုံးပြုသူတွေက ဒီ သောကြာနေ့မှာ စတင်စမ်းသပ်နိုင်မယ်လို့ သိရပါတယ်။

Mercedes ရဲ့ Beta Version ကို စမ်းသပ်ချင်ရင်တော့ Mercedes Me လို့ခေါ်တဲ့ ကုမ္ပဏီ App မှာ စာရင်းသွင်းနိုင်မှာ ဖြစ်သလို Mercedes ကားရှိ Voice Assistance ကို “Hey Mercedes, I want to join the beta program” လို့ ပြောပြီးလည်း စာရင်းသွင်းနိုင်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ Beta Version ပဲ ရှိသေးတာကြောင့် တချို့သော ကန့်သတ်ချက်တွေ ရှိအုံးမှာဖြစ်သလို Error တွေလည်း ဖြစ်နိုင်ကြောင်း Mercedes က ပြောထားပါတယ်။ Beta Version ကို ခွင့်ပြုမယ့် ကာလကတော့ ၃လ ဖြစ်ပြီး ဒီကာလအတွင်း အသုံးပြုသူတွေရဲ့ အကြံပေးမှုတွေကိုရယူသွားမှာ ဖြစ်ကြောင်း Mercedes က ပြောပါတယ်။

ကားထဲမှာ ChatGPT ကို ထည့်သွင်းတာ Mercedes-Benz က ပထမဦးဆုံး ကုမ္ပဏီဖြစ်ပြီး အခြားသော ကားကုမ္ပဏီတွေလည်း ကြိုးစားနေကြပါတယ်။ GM က ဒီနှစ်အစောပိုင်းမှာ Microsoft နဲ့ ပူးပေါင်းထားသလို သူတို့ရဲ့ကားမှာ ChatGPT ထည့်ရန် ကြိုးစားနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ AI တွေ ခေတ်စားလာပြီးနောက် ကားကုမ္ပဏီတော်တော်များများဟာ သူတို့ရဲ့ ကားတွေမှာ AI ကို ထည့်သွင်းဖို့ ကြိုးစားလာတာကြောင့် နောက်ပိုင်းထွက်လာမယ့် ကားတွေဟာ AI Powered ကားတွေ ဖြစ်လာတော့မှာပါ။ AI နဲ့ ကားတွေဟာ တကယ်ပဲ လူတွေကို အထောက်အကူပြုနိုင်မလား၊ ဆိုးကျိုး တွေကရော ဘာတွေဖြစ်နိုင်မလဲ၊ လူကြီးမင်းရဲ့ အမြင်ကို မျှဝေပေးသွားပါအုံးနော်။

Exit mobile version