Mark Zukerberg နဲ့ Elon Musk တို့ လှောင်အိမ်ထဲမှာ ထိုးသတ်ဖို့ စိန်ခေါ်နေကြ

ကမ္ဘာကျော် နည်းပညာရှင်တွေလည်းဖြစ် သန်းကြွယ်သူဌေးလည်း ဖြစ်ကြတဲ့ Mark Zukerberg နဲ့ Elon Musk တို့ဟာ လှောင်အိမ်ထဲမှာ ထိုးသတ်မလို့ စိန်ခေါ်နေတဲ့ သတင်းဟာ လူမှုကွန်ယက်တစ်ခွင်မှာ နာမည်ကြီးနေပြီ ဖြစ်ပါတယ်။

Elon Musk ဟာ သူ့ရဲ့ Twitter Account မှာ “I’m up for a cage match if he is lol” ဆိုပြီး Mark Zukerberg ကို လှောင်အိမ်ထဲမှာ ထိုးသတ်မလို့ စပြီး စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ နောက်ပြောင်ပြီး တင်ထားတာ မဟုတ်ပါပဲ Meta ရဲ့ ပြောဆိုခွင့်ရှိသူ Iska Saric ကလည်း အတည်ပြုပြောဆိုထားပါတယ်။ ဘယ်လို အကြောင်းကြောင့် Elon Musk ဟာ Mark Zukerberg ကို ထိုးသတ်မလို့ စိန်ခေါ်လဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

Mark Zukerberg ကလည်း ပုံထဲမှာ မြင်ရတဲ့အတိုင်း Elon Musk တင်ထားတဲ့ Post ကို Screenshot ရိုက်ကာ Send Me Location လို့ရေးပြီး သူ့ Facebook Account ရဲ့ Story မှာ ပြန်တင်လိုက်တာ ဖြစ်ပါတယ်။ Mark Zukerberg ဘက်က အခုလို တင်ပြီးတာနဲ့ Elon Musk ကလည်း Vegas Octagon ဆိုပြီး ပြန်လည် တင်ခဲ့တယ်လို့ သိရပါတယ်။ Mark Zukerberg နဲ့ Elon Musk တို့ ထိုးသတ်ဖို့ စိန်ခေါ်ကြတဲ့ အကြောင်းအရင်းကိုတော့ မသိသေးပေမယ့် ပြီးခဲ့တဲ့ Lex Fridman မှ ပြုလုပ်ခဲ့တဲ့ Podcast Interview မှာ Mark Zukerberg က “Twitter ဟာ Billion နဲ့ ချီတဲ့ အသုံးပြုသူတွေရှိသင့်တယ်လို့” ပြောထားတာတော့ ရှိပါတယ်။

အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ Elon Musk ဟာ တကယ့် လမ်းပေါ်ထိုးသတ်ပွဲတွေနဲ့ နာမည်ကြီးတဲ့ South Africa မှာ ကြီးပြင်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၃၉ နှစ်ရှိတဲ့ Mark Zukerberg ဟာလည်း မကြာသေးမှီက Jiu-Jitsu ပြိုင်ပွဲတစ်ခုမှာ အနိုင်ယူခဲ့သူဖြစ်သလို စိတ်ကူးယဥ် MMA Fighter တစ်ဦးလည်း ဖြစ်တဲ့အပြင် မကြာသေးမီကပဲ အလွန်ခက်ခဲတဲ့ Murph Challenge လေ့ကျင့်ခန်းကို မိနစ် ၄၀ အတွင်းမှာ ပြီးမြောက်အောင် ကစားနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒါ့ကြောင့် အမှန်တကယ် ထိုးသတ်ကြမယ်ဆိုရင် ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းရတော့ ခက်ပါတယ်။

Mark Zukerberg နဲ့ Elon Musk တို့ဟာ တစ်ဦးနဲ့ တစ်ဦး စိန်ခေါ်ထားတာ မှန်ပေမယ့် တကယ်ရော ထိုးသတ်ကြမလားဆိုတာ အခုထိတော့ မသေချာသေးဘူး ဖြစ်ပါတယ်။ ဒါမှမဟုတ် လူတွေစိတ်ဝင်စားမှုရအောင် သမင်တကာ ဖန်တီးတာလားဆိုတာလည်း စဥ်းစားစရာ ဖြစ်ပါတယ်။ တကယ်လို့ အမှန်တကယ် ထိုးသတ်ခဲ့မယ်ဆိုရင် စာဖတ်ပရိတ်သတ်ကြီးက Mark Zukerberg လား ? Elon Musk လား ? ဖြေပေးသွားပါအုံးနော်။

Exit mobile version