ဥပဒေရေးရာကိစ္စတွေမှာ AI နည်းပညာကို အသုံးပြုတော့မယ့် အင်္ဂလန်ဥပဒေဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီ

အင်္ဂလန်အခြေပြု ဥပဒေဆိုင်ရာဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ Allen & Overy’s Innovation Group က ၎င်းတို့ရဲ့ ဥပဒေဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းတွေမှာ AI နည်းပညာကို အသုံးချသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

Harvey လို့ခေါ်တဲ့ ဥပဒေရေးရာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ Generative AI Tool တစ်ခုကို ဥပဒေရေးရာဆိုင်ရာကိစ္စတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ဖို့ နည်းပညာရှင်သမားတွေနဲ့ စမ်းသပ်ဖန်တီးလျက်ရှိပြီး လက်ရှိမှာ စမ်းသပ်မှုအချို့ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

” AI တွေရဲ့ အရွေ့တွေက အခုမှ အစပြုရုံရှိပါသေးတယ် ” လို့ Allen & Overy’s Innovation Group ရဲ့ ဥက္ကဌ DAVID WAKELING က ပြောပါတယ်။

” ကျနော်တို့ရဲ့ ဥပဒေဆိုင်ရာဝန်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်စေဖို့ AI နည်းပညာကို အသုံးပြုသွားမှာပါ ” လို့ ကုမ္ပဏီဘက်က မှတ်ချက်ပြုပြီး AI ရဲ့ အားသာချက်ကြောင့် ဥပဒေဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးနေတဲ့အခါ ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေကို ရနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး အလုပ်အပ်သူ Customer တွေရဲ့ အမှုကိစ္စတွေ၊ စာချုပ်တွေ၊ အချက်အလက်တွေကို AI ဆီပို့ပြီး Data Training လုပ်တာဟာ ဥရောပသမဂ္ဂရဲ့ အထွေထွေဒေတာကာကွယ်ရေးစည်းမျဉ်း (GDPR) ကိုချိုးဖောက်လျက်ရှိပါတယ်။ Customer တွေရဲ့ ခွင့်ပြုချက်မရဘဲ အချက်အလက်တွေကို ကုမ္ပဏီရဲ့အကျိုးစီးပွားအတွက် ဒါမှမဟုတ် တစ်ကိုယ်ရည် ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်တာဟာ ဥရောပသမဂ္ဂရဲ့ ဥပဒေနဲ့ ငြိစွန်းနေတာကိုလည်း ရင်ဆိုင်ရမှာပါ။

ကုမ္ပဏီဘက်ကတော့ Personal Data တွေကို အသုံးပြုပြီး AI ကို Data Training လုပ်တာမဟုတ်ဘဲ ဥပဒေဆိုင်ရာ အချက်အလက်တွေကိုဘဲ အသုံးပြုပြီး Data Training လုပ်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အငြင်းပွားဖွယ်ရာကိစ္စတွေဖြစ်ပေါ်လျက်ရှိပြီး AI နဲ့ ဥပဒေရေးရာကိစ္စတွေကိုဖြေရှင်းခြင်းဟာ တရားမျှတမှုဘဲ အမှန်တစ်ကယ်ရရှိမလား၊ ဒါမှမဟုတ် ကိုယ်ကိုင်တွယ်ထားတဲ့ အမှုနိုင်ဖို့က အဓိကလားဆိုတဲ့ သို့လော သို့လော မေးခွန်းတွေနဲ့ ထင်မြင်ချက်အချို့နဲ့ ဝေဖန်မှု မြင့်တက်လျက်ရှိပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုထင်မြင်ကြလဲ၊ တရားမျှတမှုလား ဒါမှမဟုတ် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အနိုင်ရရှိဖို့လား? မှတ်ချက်လေးတွေ ပေးသွားကြပါအုံး။

Exit mobile version