Linksys က ထုတ်လုပ်လိုက်တဲ့ ပထမဆုံး Wi-Fi 7 Mesh Router

Networking hardware Company တစ်ခုဖြစ်တဲ့ Linksys က ၎င်းတို့ရဲ့ Velop Pro 7 ဟာ ကမ္ဘာ့ပထမဆုံး Wi-Fi 7 Mesh Router တစ်ခုဖြစ်လာမယ်လို့ ကြေညာခဲ့ပါတယ်။ Wi-Fi 7 နဲ့ လည်ပတ်နေတဲ့ Velop Pro 7 က Wi-Fi 6 ထက် 4.8 ဆပိုမြန်တဲ့ အ‌မြန်နှုန်းကို 10 Gbps ကျော်ဖြင့် ပေးနိုင်မှာဖြစ်ပါတယ်။ ၎င်းမှာ 2.4 GHz နဲ့ 5 GHz bands များထက် ပိုပြီးတော့ Bandwidth နဲ့ Congestion နည်းတာဖြစ်တဲ့ 6 GHz band အသစ်လဲပါဝင်တာဖြစ်ပါတယ်။

Linksys က ထုတ်လုပ်လိုက်တဲ့ ပထမဆုံး Wi-Fi 7 Mesh Router

Velop Pro 7 မှာ Cognitive Mesh technology ထည့်သွင်းထားတာဖြစ်လို့ Performance ကောင်းကောင်းကို ပေးစွမ်းနိုင်ပြီး Wifi Ping တက်ခြင်းကိုလဲ လျှော့ချပေးမှာဖြစ်ပါတယ်။ Linksys Mobile App ကနေ အလွယ်တကူ Managemant လုပ်လို့ရတာဖြစ်လို့ Router တစ်ခုခုနဲ့တစ်ခုချိတ်ဆက်တဲ့ အခါလွယ်ကူစေမှာဖြစ်ပြီး Router တွေမှာဖြစ်ပေါ်တဲ့ Network ပြဿနာများကိုလဲ လွယ်ကူစွာဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး Velop Pro 7 မှာ နောက်ဆုံးပေါ် WPA3 Security Protocol ကိုလဲ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Velop Pro 7 ဟာ မကြာသေးမှီက မှထွက်ရှိထားတဲ့ Meta Quest 3 လို AR/VR နည်းပညာ တပ်ဆင်ထားတဲ့ Gadgets Device များအတွက် အထူးသင့်တော်တယ်လို့ Company ကပြောကြားထားပါတယ်။

Velop Pro 7 ကို Linksys.com နဲ့ အခြား Retailers ဆိုင်များမှာ ခုချိန်ကြိုတင်မှာယူနိုင်ပြီး နိုဝင်ဘာလ 2023 မှာထွက်ရှိမှာဖြစ်ပါတယ်။

Exit mobile version