LinkedIn မှာ TikTok လိုမျိုး Short Video တင်နိုင်တော့မည်

LinkedIn မှာ TikTok လိုမျိုး Short Video တွေ တင်နိုင်အောင် ဖန်တီးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ TikTok ခေတ်စားလာပြီးနောက် Social Media Platform အတော်များများမှာ TikTok လိုမျိုး Short Video တွေ တင်နိုင်တဲ့ Feature များ လိုက်ထည့်လာကြတာ တွေ့ရပြီး အခုဆို LinkedIn မှာလည်း ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

LinkedIn ရဲ့ ပြောပြမှုအရ TikTok လိုမျိုး Short Video ထည့်သွင်းဖို့ ကြိုးစားနေတာ မှန်ကန်ကြောင်းနဲ့ လက်ရှိအချိန်မှာ စမ်းသပ်နေတဲ့ ကာလဖြစ်ကြောင်း သိရပါတယ်။ Short Video ထည့်သွင်းရတဲ့ ရည်ရွယ်ချက်ဟာ အသုံးပြုသူများရဲ့ Engagement တွေ မြင့်လာစေဖို့ ဖြစ်သလို တစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှုတွေကို အလွယ်တကူ ဖော်ပြနိုင်စေဖို့ ဖြစ်ကြောင်း LinkedIn က ပြောပါတယ်။ ဒါ့ကြောင့် Creator တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ကောင်းမွန်လာတော့မှာ ဖြစ်ပါတယ်။

Short Video ကို ဘယ်အချိန်မှာ ထည့်သွင်းပေးမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် အခုအချိန်မှာတော့ စမ်းသပ်တဲ့ အဆင့်ကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။ LinkedIn ဆိုတာဟာ အလုပ်အကိုင် ရှာဖွေရေးမှာ နာမည်ကြီးတဲ့ Platform တစ်ခုဖြစ်သလို မိမိရဲ့ ကိုယ်ပိုင် အရည်အချင်းကို အများသိအောင် ချပြနိုင်တဲ့ Platform တစ်ခုဆိုလည်း မမှားပါဘူး။ ဒီလို Platform တစ်ခုမှာ Video အတိုလေးတွေနဲ့ ကိုယ့်ရဲ့ Skills တွေကို ဖော်ထုတ်နိုင်တော့မှာ ဖြစ်တာကြောင့် အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။

Exit mobile version