LinkedIn မှာလည်း ChatGPT AI ကို ထည့်သွင်းလိုက်ပါပြီ

အလုပ်အကိုင် အခွင့်လမ်းများနဲ့ စီပွားရေးဆိုင်ရာ သတင်းတွေကို ဖတ်လို့ရတဲ့ LinkedIn မှာ ChatGPT ကို အခြေခံထားတဲ့ AI ကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

LinkedIn ကတော့ AI ကို ထည့်သွင်းရတာဟာ LinkedIn ကို အဆင့်မြှင့်ချင်လို့ဖြစ်သလို့ အသုံးပြုသူများအတွက်လည်း ပိုမိုလွယ်ကူစေဖို့ဖြစ်ကြောင်း ပြောထားပါတယ်။ အသုံးပြုသူများဟာ သူတို့ရဲ့ Profile အချက်အလက်တွေကို AI ရဲ့ အကူအညီနဲ့ ပိုမိုကောင်းမွန်ပြီး ထိရောက်တဲ့အရေးအသားတွေနဲ့ လွယ်ကူစွာ တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်မှာ ကျွမ်းကျင်မှုရှိပေမယ့် စာအရေးအသားမကောင်းလို့ အလုပ်ရှာမရဖြစ်နေတဲ့ သူများတွက် ဒီ AI က အသုံးဝင်မှာဖြစ်ပါတယ်။

ChatGPT
LinkedIn’s AI

AI က ရေးပေးတဲ့ စာတွေဖြစ်တာကြောင့် အမှားအယွင်းအနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဥပမာ – မိမိလုပ်နိုင်တဲ့ Skills ထပ် ပိုပြီးရေးထားတဲ့ အရေးအသားမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီလို အမှားတွေကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။ LinkedIn ရဲ့ AI ကို လူတိုင်းအသုံးပြုနိုင်မှာ မဟုတ်ပဲ LinkedIn Premium subscribers တွေသာ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

Exit mobile version