ဒီနေ့ခေတ်ထဲမှာ အင်တာနက်အသုံးပြုသူတိုင်း Data တွေကို ရယူခြင်းခံနေရပါတယ်။ အထူးသဖြင့် social media companies ကြီးတွေက အသုံးပြုသူတွေရဲ့ Data တွေကို နောက်ကွယ်က ရယူပြီး development ပြုလုပ်ကြပါတယ်။ ယခုအခါမှာတော့ Linkedln က AI model အသစ်အတွက် Data တွေကို ရယူနေတယ်လို့သိရပါတယ်။ Writing assistant feature အတွက် data တွေကို train နေတယ်လို့လည်း သိရပါတယ်။ Linkedln က တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ AI models တွေကို train တာ personal data တွေကို မသက်ရောက်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ EU ဒေသမှာ နေထိုင်တဲ့လူတွေရဲ့ data တွေကိုတော့ ဥပဒေအရ တားမြစ်ထားတာကြောင့် စမ်းသပ်ရယူတာမျိုးတွေတော့ မရှိပါဘူးလို့ ပြောကြားထားပါတယ်။
ယခုလို data တွေကိုရယူထားတာကတော့ Generative AI အတွက် train ဖို့သာဖြစ်ပြီး Linkedln မှာ အခြား machine learning tools တွေရှိသေးတယ်လို့ဆိုပါတယ်။ ကိုယ့် data တွေကို train တာမကြိုက်ဘူးဆိုရင်လည်း Linkedln Data processing objection form မှာ ဖြည့်စွက်နိုင်ပါတယ်။ Meta ကတော့ အလားတူကိစ္စတွေနှင့် ပတ်သက်ပြီး အသုံးပြုသူတွေရဲ့ data တွေကို ၂၀၀၇ ခုနှစ်နောက်ပိုင်းတည်းက စတင်လာတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Discussion about this post