Lenovo မှ ThinkPhone ကို ထုတ်လုပ်

Lenovo ရဲ့ ThinkPad နှင့် တွဲသုံးမလို့ ThinkPhone ကို Motorola မှ ထုတ်လုပ်ပေးလိုက်ပြီး ဖြစ်ပါတယ်။ ThinkPad ကို ရူးသွပ်သူများအတွက် ThinkPhone ဟာ အရမ်းကို အဆင်ပြေတယ်လို့လည်း သိရပါတယ်။

ThinkPhone ရဲ့ ဘေးပတ်လည်ကို အလူမီနီယံဘောင်ဖြင့် ပြုလုပ်ထားတဲ့အတွက် အကြမ်းခံမှာဖြစ်ပါတယ်။ ThinkPhone ကို Snapdragon 8 Plus Gen 1 Chips အသုံးပြုထားပြီး ၆.၆လက္မ Screen နှင့် 5000 mAh Battery ပါဝင်မှာ ဖြစ်ပါတယ်။ Camera မှာတော့ အရှေ့ဘက်တွင် 32-megapixel အသုံးပြုထားပြီး အနောက်ဘက်မှာတော့ 50-megapixel stabilized standard wide တစ်လုံး နှင့် 13-megapixel ultrawide တစ်လုံး အသုံးပြုထားတယ်လို့ သိရပါတယ်။ ၎င်းဖုန်းကို MIL STD 810H မှ အသိအမှတ်ပြုထားပြီး ရေ နှင့် ဖုန် ခံနိုင်ရည်ဟာ IP68 အဆင့်ရှိတယ်လို့လည်း သိရပါတယ်။

Lenovo ၏ ThinkPhone ပုံ

ThinkPhone မှာ ပါဝင်တဲ့ အဓိက feature ကတော့ ThinkPad နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သည့် Unified Clipboard ပဲဖြစ်ပါတယ်။ Unified Clipboard ဟာ ThinkPhone မှ ဓာတ်ပုံ၊ ဗီဒီယို နှင့် မှတ်စုတိုများ စသည်တို့ကို အလွယ်တူ ThinkPad ထဲ Copy ကူးနိုင်ရန် ကူညီပေးမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ThinkPad ကိုအသုံးပြုနေချိန် ThinkPhone အား Webcam အဖြစ် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

ThinkPhone ရဲ့ ဘေးရှိအနီရောင် Power ခလုပ်ဟာလည်း ThinkPad နဲ့ ချိတ်ဆက်တဲ့အခါ အသုံးပြုလို့ရတဲ့ Feature တွေပါဝင်ပါသေးတယ်။ ဒီအနီရောင် ခလုပ်လေးဟာ ThinkPad ကို ကြိုက်နှစ်သက်သူများအတွက် ThinkPad ရဲ့ အရသာကို ပေးနေပါတယ်။ ဒီလိုအချက်တွေကြောင့် ThinkPhone ဟာ ThinkPad ကြိုက်သူများအတွက် ဝယ်ထားသင့်တဲ့ ဖုန်းတစ်လုံးဖြစ်နေပါတယ်။

Exit mobile version