KickStarter project မှ ကမ္ဘာ့အသေးဆုံး Game စက် Arduboy Mini ကို ထုတ်လုပ်ရောင်းချ

ပြီးခဲ့တဲ့နှစ်က ထုတ်ခဲ့တဲ့ 8-bit Arduboy ထပ် ပိုမိုသေးငယ်သော Arduboy Mini ကို KickStarter project မှ ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ Arduboy Mini ဟာ 8-bit Arduboy နည်းပညာကို အတုယူကာ ပြုလုပ်ထားတာဖြစ်ပြီး အရွယ်ကတော့ 8-bit Arduboy ၏ လေးပုံ ၂ပုံလောက်ပဲ ရှိတယ်လို့သိရပါတယ်။

KickStarter project မှ ကမ္ဘာ့အသေးဆုံး Game စက် Arduboy Mini ကို ထုတ်လုပ်ရောင်းချ

Arduboy Mini ဟာ သေးငယ်သော်လည်း 8-bit Arduboy ကဲ့သို့ OLED display ပါဝင်ပြီး open-source games ပေါင်း ရာချီ ကစားလို့ရပါတယ်။ Arduboy Mini ရဲ့ Display ဟာ 28 x 64-pixel OLED display ဖြစ်ပြီး 16MHz ATmega32u4 processor ကို အသုံးပြုထားပါတယ်။ Arduboy Mini မှာ ခလုပ်ပေါင်း (7)ခု ပါဝင်ပါတယ်။ အရှေ့ဘက်မှာ (၆)ခု ရှိပြီး နောက်ဘက်မှာတော့ Reset ခလုပ် တစ်ခုရှိတယ်လို့ သိရပါတယ်။ Arduboy Mini မှာ Speaker နဲ့ Battery မပါပဲ ၎င်းတို့ကိုချိတ်ဆက်အသုံးပြုမလို့ USB Type-C port တစ်ခုတော့ ပါဝင်ပါတယ်။ Arduboy Mini ဟာ hardware hacking နဲ့ coding ကို လေ့လာနေသူများအတွက် အရမ်းအဆင်ပြေတယ်လို့သိရပါတယ်။

Arduboy Mini ကို KickStarter project မှ ဒီဇင်ဘာလ (၇)ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး (၁၃)နာရီ အတွင်းမှာပဲ သူတို့ လိုချင်တဲ့ ဒေါ်လာ ၁၀၀၀၀ ကို ကျော်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ Arduboy Mini တစ်ခုကို ၂၉ ဒေါ်လာ နဲ့ ရောင်းချပေးတာဖြစ်ပြီး ၁၀ ခု ဝယ်ရင်တော့ ၂၄၀ ဒေါ်လာပဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version