Kia ရဲ့ extra-large SUV လျှပ်စစ်ကား EV9 ပုံကို ချပြ

KIA EV9

Kia ဟာ မကြာမှီ မိတ်ဆက်ပေးတော့မယ့် extra-large SUV လျှပ်စစ်ကားဖြစ်တဲ့ EV9 ရဲ့ ပုံနဲ့ မီး ဒီဇိုင်းတွေကို ချပြလိုက်တာဖြစ်ပါတယ်။

Kia EV9 Teaser Light (from YouTube)

EV9 ဟာ Kia ရဲ့ ဒုတိယမြောက်ထုတ်လုပ်တဲ့ လျှပ်စစ်ကားပဲ ဖြစ်ပါတယ်။ ပထမကတော့ ၂၀၂၁ မှာ ထုတ်လုပ်ခဲ့တဲ့ EV6 ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေထဲမှာ ထိုင်ခုန်သုံးတန်းပါတဲ့ကားဟာ ရှားပါတယ်။ Rivian R1S ၊ Mercedes EQS၊ Model X နဲ့ Model Y တို့ပဲရှိပါတယ်။ EV9 က SUV Type ဖြစ်သလို ထိုင်ခုန် ၃တန်းနဲ့ လာမှာ ဖြစ်ပါတယ်။ extra-large လို့ ပြောထားတာဖြစ်လို့ အရွယ်အစားကတော့ ကြီးမှာသေချာပါတယ်။ EV9 ရဲ့ အရှေ့မီးနဲ့ အနောက်မီးကတော့ အပေါ်က Video ထဲမှာ မြင်ရတဲ့အတိုင်း ခေတ်ဆန်တဲ့ ပုံစံဖြစ်ပါတယ်။

https://www.youtube.com/watch?v=J04RlAHFh2g
Kia EV9 Teaser Silhouette (from YouTube)

ကားရဲ့ Body နဲ့ လက်ကိုင်တွေရဲ့ ဒီဇိုင်းကတော့ အပေါ်က Video ထဲကလို ဖြစ်ပါမယ်။ အတွင်းခန်းကိုတော့ အသေးစိတ် ပြောထားတာ မရှိသလို ကားရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ပြောပြထားတာ မရှိသေးပါဘူး။ EV9 ကို မတ်လ အကုန်မှာ ကျင်းပမယ့် Kia ရဲ့ EV World Premiere ပွဲမှာ မိတ်ဆက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထိုပွဲမှာ မိတ်ဆက်ခဲ့ရင်တော့ EV9 ရဲ့ အသေးစိတ်အချက်အလက်တွေအပြင် ဈေးနှုန်းကိုပါ သိရမယ်လို့ မျှော်လင့်ပါတယ်။

Exit mobile version