Iridium နှင့် Qualcomm တို့ပူးပေါင်းမှုကြောင့် Android ဖုန်းများတွင် Satellite အသုံးပြုနိုင်တော့မည်

Android ဖုန်းများတွင် Satellite စနစ် အသုံးပြုနိုင်တော့မည်

Satellite Phone ကုမ္ပဏီ Iridium နှင့် Android Chips ကုမ္ပဏီကြီး Qualcomm တို့ ပူပေါင်းပြီး ဒီနှစ်အတွင်း Premium Android ဖုန်းများတွင် Satellite System အသုံးပြုနိုင်ဖို့အတွက် တီထွင်နိုင်ခဲ့ပြီးလို့ သိရပါတယ်။

Satellite ကိုအသုံးပြုတဲ့ ရည်ရွယ်ချက်ကတော့ ဝေးလံပြီး ဖုန်းလိုင်းမမိတဲ့ နေရာများတွင် Satellite မှတစ်ဆင့် စာတွေပို့လို့ရမယ် စာတွေလက်ခံလို့ရမှာ ဖြစ်ပါတယ်။ Qualcomm ကတော့ ဒီစနစ်အတွက် စမ်းသပ်မှုတွေပြုလုပ် ထားပြီးပြီးလို့ သိရပါတယ်။ Qualcomm ရဲ့ ပြောပြမှုအရ 2022 စက်တင်ဘာလမှာ ချပြခဲ့တဲ့ Apple ရဲ့ Iphone 14 မှာ ပါဝင်တဲ့ Satellite system ကို ကြည့်ပြီး တီထွင်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ စနစ်ဟာ အခြေခံလုပ်ဆောင်ချက်ဖြစ်တဲ့ အရေးပေါ်အခြေအနေမှာ စာပို့ခြင်းကိုပဲ အသုံးပြုနိုင်သေးတယ်လို့ သိရပါတယ်။ Iridium ဟာ 1997 ခုနှစ်မှာ ၎င်း၏ ပထမဦးဆုံး Phone Satellite အား ဂြိုလ်ပတ်လမ်းကြောင်းထဲ စတင်လွှင့်တင်နိုင်ခဲ့ပြီး 2019 မှာတော့ 75 စင်းအထိ ကမ္ဘာ့ဂြိုလ်ပတ်လမ်းကြောင်းထဲ ရောက်နေပြီးလို့ သိရပါတယ်။ Iridium ရဲ့ Satellite တွေဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားနိုင်ကာ ကမ္ဘာမြေမှ ၄၈၅ မိုင်လောက်မှာ ပျံသန်းနေပြီး တစ်ခုနှင့် တစ်ခု Data ဆက်သွယ်မှုများ ပြုလုပ်နိုင်နေပြီးလို့လည်း သိရှိရပါတယ်။

ကမ္ဘာကြီးအား Satellite စနစ်လွှမ်းခြုံထားပုံ

Qualcomm ရဲ့ ပြောပြမှုအရ Snapdragon Satellite လို့ အမည်ပေးထားတဲ့ Feature အသစ်ကို ၎င်း၏ premium chips တွေမှာ ထည့်သွင်းထားမှာ ဖြစ်တာကြောင့် ဘတ်ဂျက်ဖုန်းတွေ အတွက်တော့ စိတ်မကောင်းစရာ တစ်ခုပါ။ ၎င်း ဝန်ဆောင်မှု ကို Phone ၊ Laptop နှင့် ယာဥ်များတွင် အသုံးပြုနိုင်ရန် စီစဥ်ထားတာဖြစ်ပြီး အရေးပေါ်အခြေအနေမှာ ကန့်သတ်မှုတွေမရှိပဲ အသုံးပြုနိုင်မှာဖြစ်လို့ အခကြေးငွေတော့ ပေးဆောင်ရမှာဖြစ်ပါတယ်။

လက်ရှိမှာ ဝေးလံတဲ့ ကြေးလက်ဒေသများအထိ ၎င်း Satellite စနစ်ဟာ လွှမ်းခြုံထားနိုင်ခြင်းမရှိသေးတာကြောင့် Elon Musk ၏ Starlink ကဲ့သို့ Broadband စနစ်ဖြင့် ဆက်သွယ်နိုင်ရင် စီစဥ်နေကြောင်းလည်း သိရပါတယ်။ Satellite broadband တွေဟာ မြန်ပြီး စိတ်ချရပေမယ့် ကြိုး (သို့) Fiber စနစ်ထပ်တော့ ကုန်ကျစရိတ် ပိုများပါတယ်။

အိန္ဒိယ ၊ တရုတ် အစရှိတဲ့ နိုင်ငံများမှာ Satellite Phone အသုံးပြုမှုကို ကန်သတ်ထားတာကြောင့် Satellite feature ကို အသုံးပြုနိုင်ရေးအတွက် Local Government တွေနဲ့ ညှိနှိုင်းရအုံးမှာ ဖြစ်ပါတယ်။

Exit mobile version