Myanmar End User
  • Home
  • News
  • Howto
  • Graphic Design
    • All
    • Illustrator
    • Photoshop
    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    ဒီဇိုင်း

    ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

    DALL-E 2 AI

    DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service
No Result
View All Result

iPhone 17 မိတ်ဆက်မယ့်ရက် အကြမ်းဖျင်း ထွက်ပေါ်

Khant Zin Aung by Khant Zin Aung
July 14, 2025
in News
Reading Time: 1 min read
0
0
SHARES
5
VIEWS
Share on FacebookShare on TwitterShare on Telegram
ADVERTISEMENT

Apple က မကြာခင်မှာ မိတ်ဆက်ဖို့ရှိတဲ့ iPhone 17 စီးရီးအတွက် ပြင်ဆင်နေပြီဖြစ်ပြီး အခုဆိုရင် ဘယ်အချိန်လောက်မှာ မိတ်ဆက်မလဲဆိုတာကို ခန့်မှန်းချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အစဉ်အလာအရ Apple ဟာ iPhone အသစ်တွေကို စက်တင်ဘာလ ပထမနှစ်ပတ်အတွင်းမှာ မိတ်ဆက်လေ့ရှိပြီး၊ ဒီတစ်ခေါက်မှာတော့ iPhone 17, iPhone 17 Air နဲ့ iPhone 17 Pro မော်ဒယ်လ်တွေကို ဘယ်ရက်တွေမှာ မျှော်လင့်နိုင်မလဲဆိုတာကို သိနိုင်တော့မှာ ဖြစ်ပါတယ်။

သတင်းတွေအရတော့ iPhone 17 စီးရီးကို စက်တင်ဘာလ ဒုတိယပတ်အတွင်းမှာ ကြေညာဖွယ်ရှိပြီး အလွန်ပါးလွှာတဲ့ဒီဇိုင်းနဲ့ထွက်လာမယ့် “iPhone 17 Air” မော်ဒယ်လ်က အဓိက အာရုံစိုက်ခံရဖွယ် ရှိနေပါတယ်။ ဒီနှစ်ရဲ့ Air Model ဟာ သာမန် Model နဲ့ Pro Model တွေထက် ပိုပြီး နေရာယူထားမှာဖြစ်ပြီး ဒီဇိုင်းပုံစံသစ်နဲ့ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

Mark Gurman ရဲ့ ပြောကြားချက်အရ Apple ဟာ iPhone မိတ်ဆက်ပွဲတွေကို အမေရိကန်ရဲ့ Labor Day အပြီးတစ်ပတ်မြောက်မှာ ကျင်းပလေ့ရှိပြီး အင်္ဂါနေ့ကို အများဆုံး ရွေးချယ်တတ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တခြားရက်တွေမှာ မိတ်ဆက်ခဲ့တဲ့ အကြိမ်တွေလည်း ရှိခဲ့ပါတယ်။

iPhone 17 မိတ်ဆက်မယ့်ရက် အကြမ်းဖျင်း ထွက်ပေါ်

အဆိုပါ အချက်အလက်တွေအရ iPhone 17 စီးရီးကို စက်တင်ဘာလ ၈ ရက် (တနင်္လာ)၊ ၉ ရက် (အင်္ဂါ) ဒါမှမဟုတ် ၁၀ ရက် (ဗုဒ္ဓဟူး) နေ့တွေမှာ မိတ်ဆက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ Apple က သောကြာနေ့မှာ ထုတ်ကုန်သစ်တွေ မိတ်ဆက်လေ့မရှိသလို၊ အမှတ်တရနေ့ဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကိုလည်း ရှောင်လေ့ရှိတာကြောင့် အခုဖော်ပြထားတဲ့ ရက်တွေက ဖြစ်နိုင်ခြေအရှိဆုံးရက်တွေ ဖြစ်နေပါတယ်။

ဒီနှစ် iPhone 17 စီးရီးမှာ Model လေးမျိုး ပါဝင်လာမှာဖြစ်ပြီး ‘Plus’ မော်ဒယ်လ်နေရာမှာ ‘Air’ ဆိုတဲ့ မော်ဒယ်လ်သစ်နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ နောက်ပြီး ‘Pro’ မော်ဒယ်လ်တွေကလည်း အရင်မျိုးဆက်တွေနဲ့မတူဘဲ ဒီဇိုင်းပိုင်း အပြောင်းအလဲကြီးကြီးမားမား ပါဝင်လာမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကျောဘက် ဒီဇိုင်းမှာ ပိုပြီး ထူနိုင်ခြေရှိတဲ့ ကင်မရာဖုံးနဲ့ နေရာပြောင်းထားတဲ့ Apple logo တို့ကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။

ဒီအချက်တွေက လက်ရှိအချိန်မှာတော့ ခန့်မှန်းချက်တွေပဲ ဖြစ်နေသေးပေမယ့် iPhone 17 ဟာ ဒီဇိုင်းပိုင်းနဲ့ မော်ဒယ်လ်သစ်တွေကြောင့် Apple Fan တွေအတွက် စိတ်ဝင်စရာကောင်းတဲ့ စောင့်ဆိုင်းမှု တစ်ခု ဖြစ်လာမှာတော့ အသေအချာပါပဲ။

ADVERTISEMENT
Tags: 2025AppleiPhone 17iPhone Airnew product
Khant Zin Aung

Khant Zin Aung

MyanmarEndUser တွင် နည်းပညာဆိုင်ရာ ပိုစ့်များကို Junior Writer အဖြစ် ရေးသားမျှဝေနေသူ ဖြစ်သည်။

Related Posts

Samsung ရဲ့ သုံးခေါက်ချိုးခေါက်ဖုန်းကို စတင်မိတ်ဆက် ရောင်းချ
News

Samsung ရဲ့ သုံးခေါက်ချိုးခေါက်ဖုန်းကို စတင်မိတ်ဆက် ရောင်းချ

December 6, 2025
ChatGPT နဲ့ Copilot တို့ WhatsApp မှ နှုတ်ဆက်ထွက်ခွာ
News

ChatGPT နဲ့ Copilot တို့ WhatsApp မှ နှုတ်ဆက်ထွက်ခွာ

December 4, 2025
Waymo Robotaxi ဟာ Bay နဲ့ California တောင်ပိုင်းတို့မှာ တိုးချဲ့ ပြေးဆွဲခွင့်ရ
News

Waymo Robotaxi ဟာ Bay နဲ့ California တောင်ပိုင်းတို့မှာ တိုးချဲ့ ပြေးဆွဲခွင့်ရ

December 4, 2025
Meta က လျှပ်စစ်စွမ်းအင် ရောင်းချရန် ကြိုးစား
News

Meta က လျှပ်စစ်စွမ်းအင် ရောင်းချရန် ကြိုးစား

December 4, 2025
Google က Gemini 3 နဲ့ Coding App အသစ်ကို မိတ်ဆက်
News

Google က Gemini 3 နဲ့ Coding App အသစ်ကို မိတ်ဆက်

November 20, 2025
Mozilla ဟာ AI Window လို့ခေါ်တဲ့ Tool အသစ်ကို Firefox မှာ ထည့်သွင်း
News

Mozilla ဟာ AI Window လို့ခေါ်တဲ့ Tool အသစ်ကို Firefox မှာ ထည့်သွင်း

November 20, 2025
Next Post
ဆယ်စုနှစ် တစ်ခုနီးပါးအကြာမှ ပြန်လည်ထွက်ရှိလာတဲ့ Sony ရဲ့  RX1R Camera မျိုးဆက်သစ်

ဆယ်စုနှစ် တစ်ခုနီးပါးအကြာမှ ပြန်လည်ထွက်ရှိလာတဲ့ Sony ရဲ့ RX1R Camera မျိုးဆက်သစ်

Discussion about this post

  • About Us
  • Privacy Policy
  • Data Deletion Request
  • About Us
  • Privacy Policy
  • Data Deletion Request

© 2023 Myanmarenduser.com

Welcome Back!

Sign In with Facebook
Sign In with Google
OR

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • Home
  • News
  • Howto
  • Graphic Design
    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service

© 2023 Myanmarenduser.com

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.