iPhone 15 မှာ Periscope Camera ပါဝင်လာမယ်ဆိုတာ သေချာသလောက်ရှိနေ

တော်တော်များများ ပြောဆိုနေကြတဲ့ iPhone 15 မှာ Periscope Camera ပါဝင်လာမယ်ဆိုတာဟာ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။

Apple ကို လေ့လာသူ Ming-Chi Kuo ဟာ ပြီးခဲ့တဲ့လတုန်းက iPhone 15 မှာ Periscope Camera ပါဝင်လာမယ်ဆိုတာကို အတည်ပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။ Periscope ကို iPhone 15 ရဲ့ Main Camera မှာ ထည့်သွင်းပေးထားမှာ ဖြစ်ပြီး 5x မှာ 6x အထိ Zoom ချဲ့ကြည့်လို့ရမယ်လို့ သိရပါတယ်။ Periscope ရဲ့ အားသာချက်ကတော့ Zoom အကျဥ်း၊ အကျယ်လုပ်တဲ့အခါမှာ Digital စနစ်နဲ့လုပ်ပေးမှာဖြစ်လို့ ဝါးသွားတာမျိုးမရှိပဲ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို သာမန် Camera တွေထက် Zoom ပိုလုပ်လို့ရမှာဖြစ်ပါတယ်။

Ming-Chi Kuo ပြောထားမှုအရ iPhone 15 ရဲ့ Periscope Camera ဟာ iPhone 14 Pro ၊ iPhone 14 Pro Max တို့ရဲ့ Camera နဲ့ယှဥ်ရင် ၃ဆလောက်ပိုပြီး Zoom ချဲ့နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ Periscope Camera ကို Apple မှာ အခုမှစသုံးမလို့စီစဥ်နေတာ ဖြစ်ပေမယ့် Android ဖုန်းတွေဖြစ်တဲ့ Pixel 7 Pro နဲ့ Galaxy S23 Ultra တို့လိုဖုန်းတွေမှာ ထည့်ပေးထားတာကြာပြီဖြစ်သလို Zoom ဟာလည်း 5x မှာ 10x အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

iPhone 15 မှာ Periscope Camera ပါဝင်လာမယ်ဆိုတာ သေချာသလောက်ရှိနေပေမယ့် Apple က ထုတ်ပြန်ခြင်းမရှိသေးတာကြောင့် အတိအကျတော့ မှတ်ယူလို့မရသေးပါဘူး။ iPhone 15 ကို လာမယ့် စက်တင်ဘာလထဲမှာ Apple က မိတ်ဆက်ပေးမှာဖြစ်လို့ အခုချိန်မှာတော့ ဘယ်အရာမှအတည်ယူလို့ မရသေးပေမယ့် ရင်ခုန်လို့ရအောင် ဒီသတင်းကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Exit mobile version