iOS User များအတွက် WhatsApp မှာ ဓာတ်ပုံနဲ့ Video များကို Original Quality အတိုင်းပို့နိုင်ပြီ

WhatsApp မှာ iOS User များအတွက် ၎င်းတို့ရဲ့ ဓာတ်ပုံနဲ့ Video များကို Original Quality အတိုင်း ပေးပို့နိုင်မယ့် Feature တစ်ခုကို နိုဝင်ဘာလ ကုန်ခံနီးလောက်မှာ ကြေညာခဲ့ပါတယ်။ အရင်ကလို ဓာတ်ပုံနဲ့ Video များ Share တဲ့အခါ Quality လျော့ထားခြင်းမရှိတော့ဘဲ မူလ Quality အတိုင်းပေးပို့လို့ ရမှာ ဖြစ်ပါတယ်။ လောလော ဆယ်တော့ အဆိုပါ Feature ကို iOS Device တွေမှာသာ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

iOS User များအတွက် WhatsApp မှာ ဓာတ်ပုံနဲ့ Video များကို Original Quality အတိုင်းပို့နိုင်ပြီ

အဆိုပါ Feature ကို အသုံးပြုမယ်ဆိုပါက WhatApp Massage Box ရဲ့ “+” icon ကိုနှိပ်ပြီး Document ကိုရွေးပေးရမှာ ဖြစ်ပါတယ်။ Files Size ကိုတော့ အများဆုံး 2GB အထိသာ သက်မှတ်ထားတာဖြစ်လို့ Files Size ကြီးတဲ့ Video တွေကိုတော့ ပေးပို့လို့ရမှာမဟုတ်ပါဘူး။ 2GB ဆိုရင်ဘဲ သူငယ်ချင်းများနဲ့ အမှတ်တရ ဓာတ်ပုံ၊ Video များကို ပေးပို့ဖို့ အတွက်လုံလောက်တဲ့ ပမာဏဖြစ်ပါတယ်။ Andriod User များအတွက် အဆိုပါ Feature လိုမျိုးပုံစံတူ Feature တစ်ခုကို 2023, September လလောက်ကတည်းက စမ်းသပ်မှုများပြုလုပ် နေတာဖြစ်တယ်လို့ သိရှိရပါတယ်။ Andriod User များအတွက်လဲ အဆိုပါ Feature မျိုးကို မကြာခင်မှာ အသုံးပြုလို့ ရနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Exit mobile version