iOS 26 (Beta 1) Version မှာ ဝေဖန်မှုများစွာ ခံခဲ့ရတဲ့ Liquid Glass ရဲ့ Control Center ကို Apple က ပြင်ဆင်မှုတွေပြုလုပ်တာ နောက်ထပ် Beta 2 Version ဆိုပြီး ထွက်ရှိလာတာ ဖြစ်ပါတယ်။ ပထမ beta မှာ Control Center ရဲ့ နောက်ခံက သိသာလွန်းပြီး အောက်ဘက် Screen နဲ့ရှုပ်ထွေးနေတာ ဖြစ်ပြီး ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

ခုထပ်ထွက်လာတဲ့ Beta 2 Version မှာတော့ Control Center ရဲ့ နောက်ခံက Beta 1 ထက်အများကြီး ရှင်းလာပြီး ကြည့်ရတာ တော်တော်လေး အဆင်ပြေလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တစ်ချို့ Button နေရာတွေမှာ အနည်းငယ် ရှုပ်ထွေးနေသေးတာဖြစ်ပြီး စက်တင်ဘာလမှာ ထွက်ရှိမယ့် တရားဝင် Version မှာတော့ ပိုအဆင်ပြေအောင် လုပ်လာနိုင်အုံးမယ်လို့ မြင်မိပါတယ်။
Beta 2 မှာနောက်ထပ်ပြောင်းလဲလာတာကတော့ “Reflections” ဆိုပြီး Ringrone Song အသစ်တစ်ခုထည့်သွင်းထားတာ ဖြစ်ပါတယ်။ Ringrone Song အသစ်ကို စမ်းအသုံးပြုဖူးတဲ့ သူတွေကတော့ နားထောင်လို့ ကောင်းတယ်ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
Discussion about this post