Apple ရဲ့ iOS 18 မှာ ပါဝင်လာမယ့် AI Features များ

Apple ရဲ့ အသစ်ထွက်မယ့် iOS 18 မှာ AI ပါဝါနဲ့ Features တွေပါဝင်လာမှာ ဖြစ်ကြောင်း Bloomberg မှ Mark Gurman က ပြောခဲ့တာ ဖြစ်ပါတယ်။

Apple ရဲ့ Software အင်ဂျင်နီယာ အကြီးတန်း ဒုဥက္ကဌဖြစ်သူ Craig Federighi အပြင် John Giannandrea နဲ့ Eddy Cue တို့ဟာ Apple ရဲ့ AI ထုတ်ကုန်များနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်နေတာကြောင့် Apple ရဲ့ iOS 18 မှာ AI နဲ့ အဆင့်မြှင့်ထားတဲ့ Features များစွာ ပါဝင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Mark Gurman ရဲ့ ပြောပြမှုအရ iOS 18 မှာ ပိုမိုစမတ်ကျတဲ့ စာပြန်ခြင်းဆိုင်ရာ အကြံပေးမှုစနစ် ပါဝင်လာမှာဖြစ်ပြီး Cue ရဲ့ အဖွဲ့မှ ဖန်တီးထားတဲ့ Apple Music အတွက် AI-Generated Playlists Features ကို ထည့်သွင်းပေးထားသလို နောက်ထပ် Apple ရဲ့ ထုတ်ကုန် Apps များမှာ ဘယ်လိုမျိုး AI-Generated Features တွေကို ထည့်သွင်းနိုင်မလဲဆိုတာကိုပါ ရှာဖွေနေတယ်လို့ သိရပါတယ်။ Giannandrea ရဲ့ အဖွဲ့ကလည်း ပိုမိုစမတ်ကျတဲ့ AI ပါဝါနဲ့ Siri အသစ်ကို ဖန်တီးထားပြီး ၎င်းဟာ နောက်နှစ်အတွက် Apple ရဲ့ ပွဲဦးထွက်ထုတ်ကုန် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Apple ဟာ သူတို့ရဲ့ AI ထုတ်ကုန်များနှင့် AI သုတေသနလုပ်ငန်းများအတွက် တစ်နှစ်ကို ဒေါ်လာပေါင်း ၁ ဘီလီယံကျော် အသုံးပြုနေကြောင်း Mark Gurman က ဖော်ပြထားပြီး Developer တွေအတွက် Apple Xcode ကိုလည်း AI ပါဝါထည့်သွင်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် Apple ဟာ AI နယ်ပယ်မှာ နောက်ကျကျန်နေခဲ့တယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ စနစ်တကျ တစ်လှမ်းချင်းစီ တည်ဆောက်နေတာဖြစ်လို့ နောက်နှစ်မှာ Apple ရဲ့ AI ဟာ ဘယ်လောက်အထိ အသုံးဝင်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version