iOS 17 မှာပြောင်းသွားမယ့် “End Call” Button

နောက်ထွက်လာမယ့် iOS Software Update ဟာ ဝါရင့် Apple အသုံးပြုသူများအတွက် လက်မ ကစားရမယ့် Update တစ်ခုဖြစ်ပါတယ်။

CNBC သတင်းဌာနရဲ့ ပြောပြမှုအရ iOS 17 မှာ “End Call” လို့ခေါ်တဲ့ ဖုန်းချတဲ့ ခလုတ်ဟာ ဖုန်း Screen ရဲ့ အလည်တည့်တည့်မှာ မဟုတ်တော့ပဲ ညာဘက်အောက်နားလေးကို ပြောင်းသွားတယ်လို့ သိရပါတယ်။ နှစ်ပေါင်းများစွာ မပြောင်းလဲခဲတဲ့ End Call Button ကို နေရာပြောင်းလိုက်မှာ ဖြစ်တာကြောင့် Apple ကို နှစ်ပေါင်းများစွာ အသုံးပြုလာသူများအတွက်တော့ ရုတ်တရက်မှာ နေသားမကျပဲ ဖြစ်နေမှာ သေချာပါတယ်။ ဒါ့ကြောင့် တချို့အသုံးပြုသူများက ၎င်းပြောင်းလဲမှုကို မကြိုက်ကြောင်း၊ Apple ရဲ့ စတိုင်ကို ဖျက်ပစ်တာ ဖြစ်ကြောင်း ဝေဖန်ပြောဆိုနေပါတယ်။

iOS 17 မှာ End Call Button အပြင် အခြား Features တွေလည်း ပါဝင်နေပါသေးတယ်။ Apple ရဲ့ ကြေငြာထားချက်အရ iOS 17 မှာ ပုဂ္ဂိုလ်ရေးရာ ဖုန်းခေါ်ဆိုမှုကို တိုးမြှင့်ထားတဲ့အပြင် Voice Email ၊ FaceTime Messaging နဲ့ သင့်ရဲ့ ဓာတ်ပုံကို Sticker အဖြစ် ပြောင်းနိုင်ခြင်းတို့ ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ iOS 17 ဟာ Beta အနေနဲ့ပဲ တည်ရှိနေသေးတာဖြစ်ပြီး Public ထုတ်ပေးဖို့တော့ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပါဘူး။

Exit mobile version