Intel ရဲ့ Co-Founder ဖြစ်သူ Gordon Moore အသက်(၉၄) နှစ်တွင် ဆုံးပါး

Gordon Moore ဟာ Moore Law ရဲ့ပဲ့ကိုင်ရှင် တစ်ဦးလည်း ဖြစ်ပါတယ်

၁၉၅၀ ခုနှစ်လောက်တုန်းက Semiconductors တွေနဲ့ ပတ်သက်ပြီး Intel ရဲ့ CEO ဖြစ်လာခဲ့သူ Gordon Moore ဟာ အခုတော့ သေဆုံးသွားပြီ ဖြစ်ပါတယ်။ Mr. Moore ဟာ Circuits တွေအတွက် မွေးဖွားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Mr. Moore ဟာ Circuits လောကအတွက် အပြောင်းအလဲတစ်ခုဖြစ်တဲ့ Moore’s Law ကို ဖန်တီးပေးခဲ့သူအဖြင့် လူသိများပါတယ်။ Moore’s Law ဟာ Computer Processor စက်ရုံများနဲ့ PC စက်ရုံများရဲ့ အခြေခံအုတ်မြစ်တစ်ခုဆိုလည်း မမှားပါဘူး။ Mr. Moore ဟာ Computer ခေတ်မရောက်မှီ ဆယ်စုနှစ် (၂) ခု လောက်ကတည်းက circuits တွေဟာ အိမ်သုံး Computer တွေဖြစ်လာဖို့အတွက် ဦးဆောင်သူတွေဖြစ်ကြောင်း ပြောထားတဲ့ ဆောင်ပါးတစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။

အဆိုပါ ဆောင်းပါးကိုရေးသားခဲ့ပြီးနောက်ပိုင်းမှာ Moore’s Law ကို လူသိများလာခဲ့ပြီး chips တီထွင်သူများအတွက် သူတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်အောင် တွန်းအားပေးနိုင်ခဲ့ပါတယ်။ Mr. Moore ရဲ့ ဆောင်းပါးနဲ့ အတူ မိုးပေါ်ရောက်နေတဲ့ chips ဈေးတွေလည်း ကျဆင်းခဲ့ရပါတယ်။ Mr. Moore ဟာ PhD ဘွဲ့ကို ရပြီးတော့ Fairchild Semiconductor စက်ရုံနဲ့ အလုပ်တွဲလုပ်ခဲ့ပြီး ဈေးကွက်မှာ အလားအလာရှိတဲ့ Transistors နဲ့ Circuits တွေကို ထုတ်လုပ်ခဲ့ပါတယ်။

Gordon Moore (1929-2023)

အဆိုပါ စက်ရုံဟာ တဖြည်းဖြည်း တိုးတက်လာပြီး ယနေ့ခေတ် San Francisco မှာ နာမည်ကြီးနေတဲ့ Silicon Valley ရဲ့ အုတ်မြစ်ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာ Mr. Moore ဟာ Fairchild ကနေထွက်ခဲ့ပြီး Intel ကိုစတင်ခဲ့ပါတယ်။ Mr. Moore ကြောင့် တစ်ကမ္ဘာလုံးရှိ နည်းပညာများဟာ သိသိသာသာ ပြောင်းလဲတိုးတက်ခဲ့ရပြီး လူသားတွေအတွက် computer တွေအပြင် Apple ၊ Facebook နှင့် Google တွေအထိ တိုးတက်ပြောင်းလဲ ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်က Interview တစ်ခုမှာ သူတစ်သက်လုံး ကြိုးစားခဲ့တာဟာ Chips တွေပေါ်မှာ ပစ္စည်းတွေအများကြီးတိုးလာဖို့နဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိုပြီးဈေးသက်သာလာစေဖို့ပဲ ဖြစ်တယ်လို့ Mr. Moore က ပြောခဲ့ပါတယ်။ Intel ရဲ့ လက်ရှိ CEO Pat Gelsinger က “Mr. Moore ဟာ သူ့ရဲ့ ထိုးထွင်းသိမြင်နိုင်မှုများ၊ အမြော်အမြင်များဖြင့် နည်းပညာနယ်ပယ်မှာ ဆယ်စုနှစ်များစွာအတွင်း စိတ်အားထက်သန်သော နည်းပညာရှင်များနှင့် စွန့်ဦးတီထွင်သူများကို ပုံဖော်ခဲ့တယ်” လို့ ပြောပြခဲ့ပြီး “ကမ္ဘာပေါ်ရှိ လူသားများအားလုံးရဲ့ဘဝကို ပြောင်းလဲစေမယ့် အမွေအနှစ်တစ်ခုကို ချန်ပေးခဲ့တာကြောင့် သူ့ရဲ့နာမည်ဟာ ဆက်လက်ရှင်သန်နေအုံးမယ်” လို့ ပြောခဲ့ပါတယ်။

Mr. Moore ဟာ ၂၀၀၂ ခုနှစ်မှာ အမေရိကန် သမ္မတ George W Bush မှ ပေးတဲ့ US ရဲ့ အမြင့်ဆုံးအရပ်သားဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရပါသေးတယ်။ Mr. Moore ဟာ သူ့ရဲ့ နောက်ပိုင်းကျန်ရှိနေတဲ့ ဘဝကို သူ့အမျိုးသမီးနဲ့အတူ Gordon and Betty Moore Foundation ကို တည်ထောင်ကာ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ရင်း ကုန်ဆုံးခဲ့ပါတယ်။

Exit mobile version