Instagram က သူ့ရဲ့ပြိုင်ဘက် Snapchat ကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ feature အသစ် “Instagram Map” ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီ feature က သုံးစွဲသူတွေကို သူတို့ရဲ့ လက်ရှိရောက်နေတဲ့ တည်နေရာကို သူငယ်ချင်းတွေနဲ့ မျှဝေနိုင်မှာဖြစ်ပြီး location-based content တွေကိုလည်း ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် Meta ရဲ့ Instagram က “Repost” feature နဲ့ Reels ထဲက “Friends” tab ကိုလည်း တစ်ကမ္ဘာလုံးမှာ သုံးနိုင်အောင် လုပ်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။
Instagram Map feature အသစ်က Snapchat ရဲ့ Snap Map ကို တိုက်ရိုက်အတုယူထားတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလဲ Instagram က Snapchat ဆီက Stories Feature ကို အတုယူခဲ့ဖူးတာ ဖြစ်ပါတယ်။ Company ရဲ့ ပြောကြားချက်အရ “Instagram Map” Feature ရဲ့ Location sharing က default အနေနဲ့ ပိတ်ထားမှာဖြစ်ပြီး၊ User က app ကိုဖွင့်လိုက်တဲ့အချိန်မှာပဲ တည်နေရာက update ဖြစ်မှာပါတဲ့။ ဒါကြောင့် real-time အမြဲတမ်းပြနေမှာတော့ မဟုတ်ပါဘူး။ Snap Map မှာတော့ app ဖွင့်မှ update လုပ်မလား၊ ဒါမှမဟုတ် real-time ပြနေမလားဆိုတာကို user ကိုယ်တိုင် ရွေးချယ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

Instragam ရဲ့ နောက်ထပ် Repost Feature အသစ်က User တွေကို တခြားသူတွေတင်ထားတဲ့ Public Reels နဲ့ Feed Post တွေကို ကိုယ့် Follower တွေမြင်အောင် ပြန် Share ခွင့်ပေးမှာပါ။ အဲ့ဒီ Repost တွေကို ကိုယ့် Profile ထဲက “Reposts” ဆိုတဲ့ tab အသစ်မှာလည်း စုစည်းပြသသွားမှာ ဖြစ်ပါတယ်။ ဘာနဲ့တူလဲဆိုတော့ Tiktok ရဲ့ Repost Feature နဲ့ဆင်ပါတယ်။ Privacy အတွက် Reposts တွေကိုမပြချင်ဘူး ဆိုရင်လဲ ပိတ်ထားလို့ရပါတယ်။

ခြုံပြောရရင် Instagram ဟာ ဓာတ်ပုံ Share တဲ့App တစ်ခုအဖြစ်ကနေ Stories, Reels, Shopping, Messaging နဲ့ အခု social mapping အထိ အရာအားလုံးကို တစ်နေရာတည်းမှာရနိုင်တဲ့ “Super App” တစ်ခုဖြစ်လာဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ User တွေအနေနဲ့ရော ဒီ feature အသစ်တွေကို သဘောကျပြီး သုံးစွဲကြမလား၊ ဒါမှမဟုတ် မူရင်း app တွေမှာပဲ ဆက်ရှိနေမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Discussion about this post